၁ ရာချုပ် 26:30Judson Bibleဟေဗြုန်အမျိုးဖြစ်သော သူရဲကြီးဟာရှဘိနှင့် သူ၏ညီ တစ်ထောင်ခုနစ်ရာတို့သည်၊ ယော်ဒန်မြစ် အနောက်ဘက်မှာနေသော ဣသရေလလူတို့တွင် မင်းအရာရှိဖြစ်၍၊ ထာဝရဘုရား၏အမှုတော်နှင့် ရှင်ဘုရင်အမှု အမျိုးမျိုးတို့ကို စောင့်ရကြ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏ အမှုအရာရာတွင်၊ ယဇ်ပုရောဟိတ်မင်း အာမရိသည် သင်တို့ကို အုပ်ချုပ်ရ၏။ ရှင်ဘုရင်၏ အမှုအရာရာတွင်၊ ယုဒအမျိုးမှာ မင်းဖြစ်သော ဣရှမေလသားဇေဗဒိသည် အုပ်ချုပ်ရ၏။ လေဝိသားတို့သည်လည်း၊ အမှုထမ်းလုလင် လုပ်ရကြ၏။ ရဲရင့်စွာ စီရင်ကြလော့။ ထာဝရဘုရားသည် ကောင်းသောသူတို့ဘက်မှာ နေတော်မူမည်ဟု မှာထားတော်မူ၏။