ပရောဖက်ရှမွေလ၊ ကိရှသား ရှောလု၊ နေရသား အာဗနာ၊ ဇေရုယာသား ယွာဘမှစ၍ အခြားသောသူ ပူဇော်သမျှတို့ကို၊ ရှေလောမိတ်နှင့် သူ၏ညီတို့သည် ကြည့်ရှုအုပ်စိုးရကြ၏။
ထိုမင်းတို့သည် စစ်တိုက်၍ရသောဥစ္စာတို့ကို မသိမ်း၊ ထာဝရဘုရား၏ အိမ်တော်ကိုပြုစုခြင်းငှာ ပူဇော်တတ်ကြ၏။
ဣဇဟာအမျိုးခေနနိနှင့် သူ၏သားတို့သည် မင်းအရာရှိ၊ တရားသူကြီးဖြစ်၍၊ ဣသရေလနိုင်ငံတွင် ပြင်အမှုကို စောင့်ရကြ၏။
ထာဝရဘုရား၏အိမ်တော်တံတိုင်းများ၊ ပတ်လည်၌ ကာသောအခန်းများ၊ ဘုရားသခင်၏အိမ်တော်ဘဏ္ဍာတိုက်များ၊ ပူဇော်သောအရာသိုထားရာ တိုက်များတို့၏ပုံကိုလည်းကောင်း၊ မိမိကြံစည်သမျှအတိုင်း၊ ဒါဝိဒ်သည် သားတော်ရှောလမုန်အား အပ်တော်မူ၏။
ဒါဝိဒ်သည် ဖိလိတ္တိလူကို တိုက်ခြင်းငှာ ထွက်သွားသည်ကို ရှောလုသည်မြင်လျှင်၊ ထိုလုလင်ကား အဘယ်သူ၏သားဖြစ်သနည်းဟု ဗိုလ်ချုပ်မင်းအာဗနာကို မေး၏။ အာဗနာကလည်း၊ အရှင်မင်းကြီး အသက်တော်ရှင်သည်အတိုင်း ကျွန်တော်မသိပါဟု လျှောက်လျှင်၊
ရှေးကာလ၌ ဣသရေလအမျိုးသားတို့သည် ဘုရားသခင်ကို မေးမြန်းခြင်းငှာသွားမည်ဟု အကြံရှိလျှင်၊ မြင်သောသူထံသို့ သွားကြစို့ဟု ဆိုတတ်ကြ၏။ ပရောဖက်ဟူ၍ခေါ်ဝေါ်သောသူကို ရှေးကာလ၌ မြင်သောသူဟူ၍ ခေါ်ဝေါ်ကြသတည်း။