မောရှေသား ဂေရရှုံ၏သားရှေဗွေလသည်လည်း ဘဏ္ဍာတော်တို့ကို အုပ်ရ၏။
ဧလျေဇာသားအကြီး ရေဟဘိ တစ်ယောက်တည်းရှိ၏။ ရေဟဘိ၌ကား သားအလွန်များ၏။
ကြွင်းသော လေဝိအမျိုးသားဟူမူကား၊ အာမရံသားဖြစ်သော ရှုဗွေလ၏သားစုတွင် ယေဒေယ၊
လေဝိသားတို့တွင်၊ အဟိယသည် ဘုရားသခင်၏အိမ်တော်ဘဏ္ဍာနှင့် ပူဇော်သောဘဏ္ဍာများကို အုပ်ရ၏။
အာမရံအမျိုး၊ ဣဇဟာအမျိုး၊ ဟေဗြုန်အမျိုး၊ ဩဇေလအမျိုးအချို့ ပါကြ၏။
ဂေရရှုံညီဧလျေဇာ၊ ဧလျေဇာသား ရေဟဗိ၊ သူ၏သား ယေရှာယ၊ သူ၏သား ယောရံ၊ သူ၏သား ဇိခရိ၊ သူ၏သား ရှေလောမိတ်တည်း။