Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 26:20

Judson Bible

လေ​ဝိ​သား​တို့​တွင်၊ အ​ဟိ​ယ​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​ဘ​ဏ္ဍာ​နှင့် ပူ​ဇော်​သော​ဘ​ဏ္ဍာ​များ​ကို အုပ်​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို သိမ်း​သွား၏။ ရှော​လ​မုန်​လုပ်​သော ရွှေ​ဒိုင်း​ရှိ​သ​မျှ​ကို​လည်း ယူ​သွား၏။

ထို​အ​ခါ ကျန်​ကြွင်း​သော ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​တည်း​ဟူ​သော ရွှေ​ငွေ​ရှိ​သ​မျှ​ကို အာ​သ​သည်​ယူ၍ မိ​မိ​ကျွန်​တို့၌​အပ်​သ​ဖြင့်၊ ဒ​မာ​သက်​မြို့​မှာ​နေ​သော ရှု​ရိ​ရှင်​ဘု​ရင် ရေ​ဇုန်​သား တာ​ဗ​ရိ​မုန်၏​သား ဗင်္ဟာ​ဒဒ်​ထံ​သို့ ပေး​လိုက်၍၊

ထို​သို့ ရှော​လ​မုန်​မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​အ​ဖို့ ပြု​လုပ်​စီ​ရင်​သ​မျှ​အ​လုံး​စုံ​တို့​ကို လက်​စ​သတ်​ပြီး​မှ၊ ခ​မည်း​တော်​ဒါ​ဝိဒ်​လှူ​သော ရွှေ​ငွေ​တန်​ဆာ​များ​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ဘ​ဏ္ဍာ​စု​ထဲ​မှာ သွင်း​ထား​လေ၏။

ထို​ဖ​လား​တို့​ကို ဒါ​ဝိဒ်​မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်၏။ ထို​အ​တူ ရှု​ရိ​ပြည်၊ မော​ဘ​ပြည်၊ အ​မ္မုန်​ပြည်၊ ဖိ​လိ​တ္တိ​ပြည်၊ အာ​မ​လက်​ပြည်၊ အ​ပြည်​ပြည်​တို့​မှ​ဆောင်​ခဲ့​သော ရွှေ​ငွေ​ကို​လည်း​ပူ​ဇော်၏။

ဤ​ရွေ့​ကား၊ တံ​ခါး​စောင့်​အ​ရာ​ရှိ​သော ကော​ရ​အ​မျိုး​သား​နှင့် မေ​ရ​ရိ​အ​မျိုး​သား​ဖွဲ့​သော​အ​သင်း အ​သီး​အ​သီး​ပေ​တည်း။

အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​သော ဂေ​ရ​ရှုံ​အ​မျိုး လာ​ဒန်​သား​တို့​တွင် ယေ​ဟေ​လိ​နှင့်၊

သူ၏​သား ဇေ​သံ၊ ယော​လ​တို့​သည်​လည်း ဘု​ရား​သ​ခင်၏​အိမ်​တော်​ဘ​ဏ္ဍာ​ကို အုပ်​ရ၏။

မော​ရှေ​သား ဂေ​ရ​ရှုံ၏​သား​ရှေ​ဗွေ​လ​သည်​လည်း ဘ​ဏ္ဍာ​တော်​တို့​ကို အုပ်​ရ၏။

အ​မှု​တော်​များ၊ ဘ​ဏ္ဍာ​တော်​များ​နှင့်​ဆိုင်​သော​အ​ရာ​မှာ ရှင်​ဘု​ရင်​မှာ​ထား​သ​မျှ​အ​တိုင်း ထို​သူ​တို့​သည် ပြု​ကြ၏။

တတ်​နိုင်​သ​မျှ​အ​တိုင်း အ​လို​လို​လှူ၍၊ ရွှေ​ဒင်္ဂါး ခြောက်​သောင်း​တစ်​ထောင်၊ ငွေ​အ​ခွက် ငါး​သောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ဝတ် အ​စုံ​တစ်​ရာ​ကို ဘ​ဏ္ဍာ​တော်​ထဲ​သို့ သွင်း​ကြ၏။

သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​ကြ၏။ ဤ​တန်​ဆာ​တို့​သည်​လည်း သန့်​ရှင်း​သော​တန်​ဆာ ဖြစ်​ကြ၏။ ဤ​ငွေ​နှင့် ဤ​ရွှေ​သည်​လည်း၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ကြည်​ညို​သော​စိတ်​နှင့် လှူ​သော​ရွှေ​ငွေ​ဖြစ်၏။

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​တို့​သည် အ​မှု​တော်​ကို စောင့်​လျက်​နေ​သော​ကြောင့်၊ ယု​ဒ​အ​မျိုး​သား​တို့​သည် အား​ရ​ဝမ်း​မြောက်​ကြ​သည်​ဖြစ်၍၊ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​ခံ​အပ်​သော ပူ​ဇော်​သ​ကာ၊ အ​ဦး​သီး​သော​အ​သီး၊ ဆယ်​ဖို့​တစ်​ဖို့​ကို မြို့​နယ်​ကျေး​လက်​ထဲ​က သိမ်း​ယူ၍၊ သို​ထား​စ​ရာ ဘ​ဏ္ဍာ​တိုက်​များ​ကို အုပ်​ရ​သော​တိုက်​စိုး​တို့​ကို ခန့်​ထား​ကြ၏။

ဆယ်​ဖို့​တစ်​ဖို့​ရှိ​သ​မျှ​ကို ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း၍၊ ငါ့​အိမ်​တော်၌ စား​စ​ရာ​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​လော့။ ငါ​သည် မိုး​ကောင်း​ကင်​ပြတင်း​ပေါက်​တို့​ကို​ဖွင့်၍ ကောင်း​ကြီး​မင်္ဂ​လာ​ကို အ​ကုန်​အ​စင်​သွန်း​လောင်း​မည် မ​သွန်း​လောင်း​မည်​ကို ထို​သို့ စုံ​စမ်း​ကြ​လော့​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ