ဩဗဒေဒုံသည် တောင်မျက်နှာကိုလည်းကောင်း၊ သူ၏သားတို့သည် အသုပိမ်အိမ်ကိုလည်းကောင်းရ၏။
အရှေ့မျက်နှာကို ရှေလမိရ၏။ ရှေလမိသားပညာရှိဇာခရိသည် စာရေးတံအားဖြင့် မြောက်မျက်နှာကိုရ၏။
ရှုပိန်နှင့်ဟောသသည် အနောက်မျက်နှာနှင့် ဗိမာန်တော်သို့ တက်ရာလမ်းဝ၌ ရှလ္လေခက်တံခါးကိုရ၍ တစ်ဖက်တစ်ချက်၌ စောင့်ရ၏။
နေ့ရက်အစဉ်အတိုင်း အရှေ့မျက်နှာ၌ လေဝိသားခြောက်ယောက်၊ မြောက်မျက်နှာ၌ လေးယောက်၊ တောင်မျက်နှာ၌ လေးယောက်၊ အသုပိမ်ဘက်မှာ နှစ်ယောက်၊ တံတိုင်းတော်ပြင်မှာ နှစ်ယောက်၊
ဩဗဒေဒုံလက်တွင်၊ ဗိမာန်တော်၌ ရှိသမျှသော ရွှေငွေမှစ၍၊ တန်ဆာအလုံးစုံနှင့် နန်းတော်ဘဏ္ဍာ အလုံးစုံကိုလည်းကောင်း၊ အာမခံသောသူ အချို့တို့ကိုလည်းကောင်း ယူ၍ ရှမာရိမြို့သို့ပြန်သွား၏။
မဿနိ၊ ဗာကဗုကိ၊ ဩဗဒိ၊ မေရှုလံ၊ တာလမုန်၊ အက္ကုပ်တို့သည်လည်း တံခါးဝနားမှာ စောင့်ရသော တံခါးစောင့်ဖြစ်ကြ၏။