အရှေ့မျက်နှာကို ရှေလမိရ၏။ ရှေလမိသားပညာရှိဇာခရိသည် စာရေးတံအားဖြင့် မြောက်မျက်နှာကိုရ၏။
ထိုသူအကြီးအငယ်တို့သည်၊ မိမိတို့ အဆွေအမျိုးအလိုက် တံခါးအသီးအသီးစောင့်စေခြင်းငှာ စာရေးတံပြုကြ၍၊
ဩဗဒေဒုံသည် တောင်မျက်နှာကိုလည်းကောင်း၊ သူ၏သားတို့သည် အသုပိမ်အိမ်ကိုလည်းကောင်းရ၏။
ခွန်အားကြီးသော မေရှလေမိသားညီ ယောက်ျားပေါင်းကား တစ်ကျိပ်ရှစ်ယောက်တည်း။
မေရှိလမိသား ဇာခရိသည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးစောင့်ဖြစ်၏။
တံခါးစောင့်တို့သည် အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာ၌ စောင့်နေရကြ၏။
အရှေ့တံခါးမှူး၊ လေဝိသား ဣမနသားကောရသည်၊ ထာဝရအရှင်ဘုရားသခင်အား လှူဒါန်းပူဇော်သောဥစ္စာ၊ အလွန်သန့်ရှင်းသော ဥစ္စာများကို ဝေဖန်ရသောအမှုအုပ် ဖြစ်၏။
လူကြီး ဧလျေဇာ၊ အရေလ၊ ရှေမာယ၊ နာသန်၊ ဇာခရိ၊ မေရှုလံ၊ ပညာရှိယာရိပ်၊ ဧလနာသန်တို့ကို ခေါ်၍၊