၁ ရာချုပ် 25:3Judson Bibleယေဒုသုန်သား ဂေဒလိ၊ ဇေရိ၊ ရှိမိ၊ ယေရှာယ၊ ဟာရှဘိ၊ မတ္တိသိ ပေါင်းခြောက်ယောက်၊ သူတို့သည် အဘယေဒုသုန်၌ တပည့်ဖြစ်၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ဖော်ပြချီးမွမ်းခြင်းငှာ စောင်းတီးလျက် ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ၏။ အခန်းကိုကြည့်ပါ။ |
နောက်တစ်ဖန် ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင် သတို့သားအသံ၊ မင်္ဂလာဆောင် သတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ချီးမွမ်းကြလော့ဟုဆိုသော သူတို့၏အသံ၊ ချီးမွမ်းရာပူဇော်သကာကို ဗိမာန်တော်သို့ဆောင်ခဲ့သော သူတို့၏ အသံကို ကြားရကြလိမ့်မည်။ အကြောင်းမူကား၊ သိမ်းသွားခြင်းကိုခံရသော ပြည်သားတို့ကို ငါဆောင်ခဲ့၍၊ အရင်ကဲ့သို့ နေစေမည်ဟု မိန့်တော်မူ၏။