Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 25:2

Judson Bible

အာ​သပ်​သား ဇ​က္ကု​ရ၊ ယော​သပ်၊ နေ​သ​နိ၊ အာ​ရှ​ရေ​လ​တစ်​စု၊ သူ​တို့​သည် ရှင်​ဘု​ရင်​စီ​ရင်​သည်​အ​တိုင်း၊ အ​ဘ​အာ​သပ်၌ တ​ပည့်​ဖြစ်၍ ကိုး​ကွယ်​ခြင်း​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ထို​လေ​ဝိ​သား​တို့​သည် ယော​လ​သား ဟေ​မန်၊ သူ၏​ညီ​စု​ထဲ​က ဗေ​ရ​ခိ​သား အာ​သပ်၊ မိ​မိ​တို့​ညီ​စု၊ မေ​ရာ​ရိ​အ​မျိုး​ထဲ​က ကု​ရှာ​ယ​သား ဧ​သန်​တို့​ကို​လည်း​ကောင်း၊

ခွက်​ကွင်း​တီး​သော အ​ကြီး​အ​ကဲ အာ​သပ်၊ သူ့​နောက် စောင်း​တ​ယော​တီး​သော ဇာ​ခ​ရိ၊ ယေ​လ၊ ရှေ​မိ၊ ရာ​မုတ်၊ ယေ​ဟေ​လ၊ မ​တ္တိ​သိ၊ ဧ​လျာ​ဘ၊ ဗေ​နာ​ယ၊ ဩ​ဗ​ဒေ​ဒုံ၊ ယေ​လ တစ်​စု​နှင့်၊

ထို​မှ​တစ်​ပါး အာ​သပ်၊ ဟေ​မန်၊ ယေ​ဒု​သုန်​သား​တို့​နှင့်​အ​တူ​ဝိုင်း၍ စောင်း၊ တ​ယော၊ ခွက်​ကွင်း​ကို တီး​မှုတ်​လျက် ကိုး​ကွယ်​ခြင်း​အ​မှု​ကို ဆောင်​ရွက်​စ​ရာ​ဖို့၊ ဒါ​ဝိဒ်​နှင့် ပ​ရိ​သတ်​ဗိုလ်​ခြေ အ​ကြီး​အ​ကဲ​တို့​သည် ခွဲ​ခန့်​သော​သူ​တို့ စာ​ရင်း​ဟူ​မူ​ကား၊

ယေ​ဒု​သုန်​သား ဂေ​ဒ​လိ၊ ဇေ​ရိ၊ ရှိ​မိ၊ ယေ​ရှာ​ယ၊ ဟာ​ရှ​ဘိ၊ မ​တ္တိ​သိ ပေါင်း​ခြောက်​ယောက်၊ သူ​တို့​သည် အ​ဘ​ယေ​ဒု​သုန်၌ တ​ပည့်​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ဖော်​ပြ​ချီး​မွမ်း​ခြင်း​ငှာ စောင်း​တီး​လျက် ကိုး​ကွယ်​ခြင်း​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ၏။

ထို​သား​အ​ပေါင်း​တို့​သည် အာ​သပ်၊ ယေ​ဒု​သုန်၊ ဟေ​မန်​တို့​ကို ရှင်​ဘု​ရင်​စီ​ရင်​သည်​အ​တိုင်း အ​ဘ​ဟေ​မန်၌ တ​ပည့်​ဖြစ်၍၊ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၏ အိမ်​တော်၌ ခွက်​ကွင်း၊ စောင်း၊ တ​ယော​ကို​တီး​လျက်၊ သီ​ချင်း​ဆို၍ အ​မှု​တော်​ကို ဆောင်​ရွက်​ရ​ကြ၏။

ထို​သူ​တို့​သည် အ​ကြီး​အ​ငယ် ဆ​ရာ​တ​ပည့်​ရော​နှော​လျက် စာ​ရေး​တံ​ပြု၍ သင်း​ဖွဲ့​ရာ​မှာ၊

လေ​ဝိ၊ ဂေ​ရ​ရှုံ၊ ယာ​ဟတ်၊ ရှိ​မိ၊ ဇိ​မ္မ၊ ဧ​သန်၊ အ​ဒါ​ယ၊ ဇေ​ရ၊ ဧ​သ​နိ၊ မာ​လ​ခိ၊ ဗာ​သေ​ယ၊ မိ​က္ခေ​လ၊ ရှိ​မာ၊ ဗေ​ရ​ခိ​တို့​မှ ဆင်း​သက်​သော အာ​သပ်၊ ဟေ​မန် လက်​ယာ​ဘက်​မှာ နေ​ရာ​ရှိ​သော အ​ပေါင်း​အ​ဖော် အာ​သပ်​တစ်​ပါး၊

လုပ်​ဆောင်​သော​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​တိုက်​မြစ်​ကို ချ​သော​အ​ခါ၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဒါ​ဝိဒ်​စီ​ရင်​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ တံ​ပိုး​ကိုင်​သော ယဇ်​ပု​ရော​ဟိတ်​များ၊ ခွက်​ကွင်း​ကိုင်​သော လေ​ဝိ​အ​မျိုး၊ အာ​သပ်​သား​များ​တို့​ကို ခန့်​ထား​ကြ၏။

အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် နှ​လုံး​သန့်​ရှင်း​သော​သူ​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး၌ ကျေး​ဇူး​ကြီး​တော်​မူ၏။

အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​ကို အ​ဘယ်​ကြောင့် အ​စဉ်​စွန့်​ပစ်​တော်​မူ​သ​နည်း။ ကိုယ်​တော်​ထံ​မှာ ကျက်​စား​သော​သိုး​တို့​ကို အ​ဘယ်​ကြောင့် အ​မျက်​ထွက်​တော်​မူ​သ​နည်း။

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ၏။ နာ​မ​တော်​နီး​ကြောင်း​ကို အံ့​ဖွယ်​သော အ​မှု​တော်​တို့​သည် သက်​သေ​ခံ​ကြ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ၏။

ယု​ဒ​ပြည်​မှာ ဘု​ရား​သ​ခင်​ကို သိ​ကြ၏။ ဣ​သ​ရေ​လ​တိုင်း​မှာ နာ​မ​တော်​သည် ကြီး​မြတ်​လေ၏။

ငါ​သည် ဘု​ရား​သ​ခင့်​ထံ​သို့ အ​သံ​ကို​လွှင့်၍ အော်​ဟစ်၏။ ဘု​ရား​သ​ခင့်​ထံ​သို့ အ​သံ​ကို​လွှင့်၍ ဘု​ရား​သ​ခင်​သည် ငါ့​စ​ကား​ကို နား​ထောင်​တော်​မူ​လိမ့်​မည်။

ငါ၏​လူ​များ​တို့၊ ငါ့​တ​ရား​ကို နာ​ကြ​လော့။ ငါ​မြွက်​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။

အို​ဘု​ရား​သ​ခင်၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​မွေ​တော်​ထဲ​သို့​ဝင်​ပြီး​လျှင်၊ သန့်​ရှင်း​သော ဗိ​မာန်​တော်​ကို ညစ်​ညူး​စေ၍၊ ယေ​ရု​ရှ​လင်​မြို့​ကို ဖြို​ဖျက်​ကြ​ပါ​ပြီ။

သိုး​စု​ကို ပို့​ဆောင်​သ​ကဲ့​သို့ ယော​သပ်​အ​မျိုး​ကို ပို့​ဆောင်​တော်​မူ​သော ဣ​သ​ရေ​လ​သိုး​ထိန်း​ကြီး၊ နား​ထောင်​တော်​မူ​ပါ။ ခေ​ရု​ဗိမ်​တွင် ကျိန်း​ဝပ်​တော်​မူ​သော​ဘု​ရား၊ ရောင်​ခြည်​တော်​ကို လွှတ်​တော်​မူ​ပါ။

ငါ​တို့​အ​စွမ်း​သ​တ္တိ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အား ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လော့။ ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင်​အား ကျူး​ဧ​သော​အ​သံ​ကို ပြု​ကြ​လော့။

ဘု​ရား​သ​ခင်​သည် ဘု​ရား​တို့၏​ပ​ရိ​သတ်၌ ရပ်​လျက်​နေ​တော်​မူ၍၊ ဘု​ရား​တို့​အ​လယ်၌ စီ​ရင်​တော်​မူ၏။

အို​ဘု​ရား​သ​ခင်၊ တိတ်​ဆိတ်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်။ အို ဘု​ရား​သ​ခင်၊ အ​မိန့်​တော်​မ​ရှိ​ဘဲ ငြိမ်​ဝပ်​စွာ နေ​တော်​မ​မူ​ပါ​နှင့်။

ထို​ကြောင့်၊ လူ​သည် ပေါက်​ဖော်​ချင်း​ညီ​အစ်​ကို​ကို ကိုင်​ဆွဲ၍၊ သင်၌ အ​ဝတ်​ရှိ​သေး၏။ လာ​ပါ။ အ​ကျွန်ုပ်​တို့​အ​ပေါ်၌ မင်း​ပြု​ပါ။ အ​ကျွန်ုပ်​တို့ ပြို​ပျက်​ရာ​ကို​လည်း ပြု​ပြင်​ပါ​ဟု​ဆို​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ