Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 24:6

Judson Bible

လေ​ဝိ​အ​မျိုး နာ​သ​နေ​လ​သား စာ​ရေး​တော်​ရှေ​မာ​ယ​သည် ရှင်​ဘု​ရင်၊ မှူး​မတ်၊ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ အ​ဗျာ​သာ​သား အ​ဟိ​မ​လက်၊ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား အ​ဆွေ​အ​မျိုး​သူ​ကြီး​များ​ရှေ့​မှာ နာ​မ​များ​ကို မှတ်​ရ၏။ စာ​ရေး​တံ​ပြု၍ ဧ​လာ​ဇာ​အ​မျိုး​နှင့် ဣ​သ​မာ​အ​မျိုး​ထဲ​က အ​လှည့်​လှည့် ရွေး​ကောက်​ခန့်​ထား​သော သူ​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ရှိ​ရှ​သား ဧ​လိ​ဟော​ရပ်​နှင့် အ​ဟိ​ယ​တို့​သည် စာ​ရေး​တော်​ကြီး​ဖြစ်၏။ အ​ဟိ​လုပ်​သား ယော​ရှ​ဖတ်​သည် အ​တွင်း​ဝန်​ဖြစ်၏။

အ​ဟိ​တုပ်၏​သား ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ၏​သား အ​ဟိ​မ​လက်​သည် ယဇ်​ပု​ရော​ဟိတ်​ဖြစ်၏။ စ​ရာ​ယ​သည် စာ​ရေး​တော်​ကြီး​ဖြစ်၏။

ဤ​ရွေ့​ကား အ​သက်​နှစ်​ဆယ်​လွန်၍ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​အ​မှု​ကို​ဆောင်​ရွက်​ရ​သော လေ​ဝိ​အ​မျိုး​သား အ​ဆွေ​အ​မျိုး​အ​လိုက် စာ​ရင်း​ဝင်​သော အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​သ​တည်း။

ဤ​သူ​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး၊ ဇာ​ဒုတ်၊ အ​ဟိ​မ​လက်​အ​စ​ရှိ​သော ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​ရှေ့​မှာ မိ​မိ​တို့​ညီ​အစ်​ကို အာ​ရုန်​အ​မျိုး​သား​တို့ တစ်​ဖက်​တစ်​ချက် အ​လှည့်​လှည့် စာ​ရေး​တံ​ပြု​ကြ၏။

ပ​ထ​မ​သူ ယော​ယာ​ရိပ်၊ ဒု​တိ​ယ​သူ ယေ​ဒါ​ယ၊

ထို​သူ​တို့​သည် ဝန်​ထမ်း​သော​သူ​မှ​စ၍၊ အ​လုပ်​မျိုး​ကို လုပ်​ဆောင်​သော​သူ အ​ပေါင်း​တို့​ကို ကြည့်​ရှု​အုပ်​ချုပ်​ကြ၏။ လေ​ဝိ​သား​အ​ချို့​တို့​သည်​လည်း စာ​ရေး၊ တ​ရား​သူ​ကြီး၊ တံ​ခါး​စောင့်​လုပ်​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​စာ​ကို လေ့​ကျက်​သော​ဆ​ရာ ဖြစ်​သော​သူ​ဧ​ဇ​ရ​သည် ဗာ​ဗု​လုန်​မြို့​မှ ထွက်​သွား၏။ ထို​သူ​တောင်း​သ​မျှ​ကို သူ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား တန်​ခိုး​တော်​ကြောင့် ရှင်​ဘု​ရင် ပေး​သ​နား​တော်​မူ၏။

သ​တ္တ​မ​လ​ရောက်​မှ၊ မြို့​ရွာ​အ​ရပ်​ရပ်၌​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား လူ​အ​ပေါင်း​တို့​သည် လာ၍ ရေ​တံ​ခါး​လမ်း​တွင် စည်း​ဝေး​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး၌ ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော မော​ရှေ​ပ​ည​တ္တိ​ကျမ်း​စာ​ကို ဆောင်​ခဲ့​ပါ​ဟု ကျမ်း​တတ်​ဆ​ရာ​ဧ​ဇ​ရ​ကို တောင်း​သည်​အ​တိုင်း၊

ကိုယ်​တော်​က​လည်း၊ သို့​ဖြစ်၍ ကောင်း​ကင်​နိုင်​ငံ​တော်၏ အ​ကြောင်း​အ​ရာ​ကို သင်​ပြီး​သော​ကျမ်း​ဆ​ရာ မည်​သည်​ကား၊ မိ​မိ​ဘ​ဏ္ဍာ​ထဲ​က အ​ထူး​ထူး​အ​ပြား​ပြား​သော အ​သစ်​အ​ဟောင်း​တို့​ကို ထုတ်​ဖော်​သော​အိမ်​ရှင်​နှင့် တူ​သည်​ဟု မိန့်​တော်​မူ၏။

ထို​အ​ခါ ကျမ်း​ပြု​ဆ​ရာ​တစ်​ယောက်​သည် လာ၍ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​ကြွ​တော်​မူ​ရာ အ​ရပ်​ရပ်​သို့ အ​ကျွန်ုပ်​လိုက်​ပါ​မည်​ဟု လျှောက်​လေ၏။-

ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့​ဝင်၍ ယဇ်​ပု​ရော​ဟိတ်​တို့​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ မ​စား​အပ်​သော ရှေ့​တော်​မုန့်​ကို စား၍ မိ​မိ​အ​ဖော်​တို့​အား ပေး​သည်​အ​ကြောင်း​ကို သင်​တို့​သည် တစ်​ရံ​တစ်​ခါ​မျှ မ​ဖတ်​ဖူး​သ​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ