၁ ရာချုပ် 24:3Judson Bibleဒါဝိဒ်သည် ဧလာဇာအမျိုးဇာဒုတ်နှင့် ဣသမာအမျိုး အဟိမလက်ကို အသီးအသီးဆောင်သင့်သည်အတိုင်း ခန့်ထားလေ၏။ အခန်းကိုကြည့်ပါ။ |
မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ နေ့ရက်အစဉ် အတိုင်း၊ နံနက်တစ်ခါ ညဉ့်ဦးတစ်ခါ ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကို ပူဇော်၍၊ ဣသရေလအမျိုး၌ ထာဝရဘုရားထားတော်မူသော ပညတ္တိကျမ်းစာ၌ပါသမျှအတိုင်း ပြုစေခြင်းငှာ၊ ဂိဗောင်မြို့၌ မြင့်သောအရပ်ပေါ်မှာရှိသော ထာဝရဘုရား တဲတော်ရှေ့တွင်၊ ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် သူ၏ညီ ယဇ်ပုရောဟိတ်များကိုလည်း ထားတော်မူ၏။
လေဝိအမျိုး နာသနေလသား စာရေးတော်ရှေမာယသည် ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်ဇာဒုတ်၊ အဗျာသာသား အဟိမလက်၊ ယဇ်ပုရောဟိတ် လေဝိသား အဆွေအမျိုးသူကြီးများရှေ့မှာ နာမများကို မှတ်ရ၏။ စာရေးတံပြု၍ ဧလာဇာအမျိုးနှင့် ဣသမာအမျိုးထဲက အလှည့်လှည့် ရွေးကောက်ခန့်ထားသော သူဟူမူကား၊
ခမည်းတော်ဒါဝိဒ် စီရင်သည်အတိုင်း၊ ယဇ်ပုရောဟိတ်တို့သည် အလှည့်အလှည့် ယဇ်ပုရောဟိတ် အမှုကိုလည်းကောင်း၊ လေဝိသားတို့သည် နေ့ရက်အစဉ် ဝတ်ပြုသင့်သည်အတိုင်း၊ ယဇ်ပုရောဟိတ်တို့နှင့် ဝိုင်း၍ ထောမနာသီချင်းဆိုသဖြင့်၊ မိမိတို့အမှုကိုလည်းကောင်း၊ တံခါးစောင့်တို့သည် အလှည့်အလှည့် တံခါးရှိသမျှတို့ကို စောင့်ခြင်းအမှုကိုလည်းကောင်း၊ အသီးအ သီး ဆောင်ရွက်စေခြင်းငှာ ခန့်ထား၏။ ထိုသို့ ဘုရားသခင်၏လူ ဒါဝိဒ်မှာထားနှင့်သတည်း။