Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 24:1

Judson Bible

အာ​ရုန်​အ​မျိုး​သား အ​သီး​အ​ခြား​သင်း​ဖွဲ့​ရာ​မှာ၊ အာ​ရုန်​သား​ကား နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣ​သ​မာ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

လေ​ဝိ​သား ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​အ​မျိုး​အ​သီး​အ​သီး​တို့​ကို ဒါ​ဝိဒ်​ခွဲ​ထား၍ တစ်​မျိုး​တ​ခြား​စီ သင်း​ဖွဲ့​စေ၏။

ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​သင်း​ဖွဲ့​ခြင်း၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်၌ အ​မှု​တော်​ကို ဆောင်​ရွက်​ခြင်း၊ ဆောင်​ရွက်​စ​ရာ တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း စီ​ရင်​တော်​မူ၏။

အာ​မ​ရံ​သား​ကား အာ​ရုန်၊ မော​ရှေ၊ မိ​ရိ​အံ​တည်း။ အာ​ရုန်​သား​ကား နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣ​သ​မာ​တည်း။

ထို​သို့ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ မှာ​ထား​သ​မျှ​အ​တိုင်း၊ လေ​ဝိ​သား​များ​နှင့် ယု​ဒ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​ပြု၍၊ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သည် ဖွဲ့​မြဲ​ဖွဲ့​သော အ​သင်း​တို့​ကို မ​ဖျက်​သော​ကြောင့်၊ ဥ​ပုသ်​နေ့၌ ထွက်​ရ​သော​သူ​နှင့် ဝင်​ရ​သော​သူ အ​သီး​အ​သီး​တို့​ကို ခေါ်​ထား​ကြ၏။

ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​တို့​သည်၊ အ​သီး​အ​သီး​စောင့်​ရ​သော​အ​မှု​ကို အ​လှည့်​သင့်​သည်​အ​တိုင်း စောင့်​လျက်၊ ထာ​ဝ​ရ​ဘု​ရား ကျိန်း​ဝပ်​တော်​မူ​သော ဌာ​န​တော်​တံ​ခါး​အ​တွင်း၌၊ မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော်​ခြင်း၊ အ​မှု​တော်​မျိုး​ကို စောင့်​ခြင်း၊ ကျေး​ဇူး​တော်​ကို ဝန်​ခံ​ခြင်း၊ ထော​မ​နာ​သီ​ချင်း​ဆို​ခြင်း​အ​မှု​ကို ပြု​စေ​ခြင်း​ငှာ၊ ဟေ​ဇ​ကိ​ခန့်​ထား​တော်​မူ၏။

ထို​အ​ခါ စည်း​ဝေး​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​လှည့်​သင့်​သည်​အ​တိုင်း အ​မှု​တော်​ကို​မ​စောင့်၊ ရှိ​သ​မျှ​တို့​သည် သန့်​ရှင်း​သည်​ဖြစ်၍ သန့်​ရှင်း​ရာ​ဌာ​န​ထဲ​က ထွက်​ပြီး​လျှင်၊

ခ​မည်း​တော်​ဒါ​ဝိဒ် စီ​ရင်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​လှည့်​အ​လှည့် ယဇ်​ပု​ရော​ဟိတ် အ​မှု​ကို​လည်း​ကောင်း၊ လေ​ဝိ​သား​တို့​သည် နေ့​ရက်​အ​စဉ် ဝတ်​ပြု​သင့်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ဝိုင်း၍ ထော​မ​နာ​သီ​ချင်း​ဆို​သ​ဖြင့်၊ မိ​မိ​တို့​အ​မှု​ကို​လည်း​ကောင်း၊ တံ​ခါး​စောင့်​တို့​သည် အ​လှည့်​အ​လှည့် တံ​ခါး​ရှိ​သ​မျှ​တို့​ကို စောင့်​ခြင်း​အ​မှု​ကို​လည်း​ကောင်း၊ အ​သီး​အ သီး ဆောင်​ရွက်​စေ​ခြင်း​ငှာ ခန့်​ထား၏။ ထို​သို့ ဘု​ရား​သ​ခင်၏​လူ ဒါ​ဝိဒ်​မှာ​ထား​နှင့်​သ​တည်း။

မော​ရှေ​ကျမ်း​စာ၌ ပါ​သည်​အ​တိုင်း၊ ယေ​ရု​ရှ​လင်​မြို့၌ ဘု​ရား​ဝတ်​ကို ပြု​စေ​ခြင်း​ငှာ၊ ယဇ်​ပု​ရော​ဟိတ် အ​သီး​အ​သီး​တို့​ကို​လည်း​ကောင်း၊ သင်း​ဖွဲ့​သော လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း ခန့်​ထား​ကြ၏။

သင်၏​အစ်​ကို​အာ​ရုန်​သည်၊ ငါ့​ရှေ့​မှာ​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရ​မည်​အ​ကြောင်း၊ သူ​နှင့် သူ၏​သား​တည်း​ဟူ​သော နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣ​သ​မာ​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ထဲ​က ရွေး​ချယ်၍ သင့်​အောက်၌​ခန့်​ထား​လော့။

အာ​ရုန်​သည် အ​မိ​န​ဒပ်​သ​မီး၊ နာ​ရှုန်​နှ​မ​ဧ​လိ​ရှ​ဘ​နှင့်​စုံ​ဖက်၍၊ သူ​သည် နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လ​ဇာ၊ ဣ​သ​မာ​တို့​ကို ဖွား​လေ​၏။

အာ​ရုန်၏​သား​ကား၊ နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣ​သ​မာ​တည်း။

အာ​ရုန်၏​သား​ဟူ​မူ​ကား၊ သား​ဦး​နာ​ဒပ်၊ ညီ​အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣ​သ​မာ​တည်း။

နာ​ဒပ်​နှင့် အ​ဘိ​ဟု​သည်၊ သိ​နာ​တော​တွင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထူး​ခြား​သော​မီး​ကို​ပူ​ဇော်​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သေ​ကြ၏။ သူ​တို့၌ သား​မ​ရှိ​သည်​ဖြစ်၍၊ ဧ​လာ​ဇာ​နှင့် ဣ​သ​မာ​သည်၊ အ​ဘ​အာ​ရုန်​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ