Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 22:8

Judson Bible

သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ​သို့​ရောက်​သည်​ကား၊ သင်​သည် များ​စွာ​စစ်​တိုက်၍ လူ​အ​များ​တို့​ကို သတ်​လေ​ပြီ။ မြေ​ကြီး​ပေါ်​မှာ ငါ့​မျက်​မှောက်၌ များ​စွာ​သော​အ​သွေး​ကို သွန်း​သော​ကြောင့်၊ ငါ့​နာ​မ​အ​ဖို့ အိမ်​ကို မ​တည်​မ​ဆောက်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အို​အ​ရှင်​မင်း​ကြီး၊ ကျွန်​မ​အ​ရှင်​မင်း​ကြီး၏​အ​ရာ၌​စိုး​စံ၍ အ​ဘယ်​သူ​သည်​နန်း​ထိုင်​ရ​မည်​ကို မိန့်​တော်​မူ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​မျှော်​ကြည့်​လျက် နေ​ကြ​ပါ၏။

ရှင်​ဘု​ရင်၏ အ​မိန့်​တော်​အ​တိုင်း အိမ်​တော်​တိုက်​မြစ်​အ​ဖို့ ကြီး​သော​ကျောက်၊ အ​ဖိုး​ထိုက်​သော​ကျောက်၊ ဆစ်​ပြီး​သော​ကျောက်​တို့​ကို ဆောင်​ခဲ့​ကြ၏။

ငါ့​အ​ဘ​ဒါ​ဝိဒ်​သည် အ​ရပ်​ရပ်၌ စစ်​တိုက်​ရ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​တို့​ကို အ​ဘ​ခြေ​ဖ​ဝါး​တော်​အောက်​သို့ နှိမ့်​ချ​တော်​မ​မူ​မီ​တိုင်​အောင်၊ မိ​မိ​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို မ​တည်​မ​ဆောက်​ရ​ဟု မင်း​ကြီး​သိ၏။

သို့​သော်​လည်း သင်​သည် အိမ်​တော်​ကို မ​ဆောက်​ရ။ သင်၏​သား​ရင်း​သည် ငါ့​နာ​မ​အ​ဖို့​အိမ်​တော်​ကို​ဆောက်​ရ​မည်​ဟု ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​အား မိန့်​တော်​မူ၏။

သို့​ရာ​တွင် ဘု​ရား​သ​ခင်​က သင်​သည် စစ်​တိုက်​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ​ဖြစ်၍၊ ငါ့​နာ​မ​အ​ဖို့ အိမ်​တော်​ကို မ​တည်​မ​ဆောက်​ရ​ဟု မိန့်​တော်​မူ၏။

သင်​တို့​အ​ဝတ်​နှင့် သား​ရေ​တန်​ဆာ​ရှိ​သ​မျှ၊ ဆိတ်​မွေး​ဖြင့်​ရက်​သော​အ​ရာ၊ သစ်​သား​ဖြင့်​လုပ်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို စင်​ကြယ်​စေ​ကြ​လော့​ဟု မှာ​ထား​လေ၏။

သ​တ္တ​မ​နေ့၌ မိ​မိ​အ​ဝတ်​ကို​လျှော်​ပြီး​မှ၊ စင်​ကြယ်​ခြင်း​ရှိ၍၊ တပ်​ထဲ​သို့​ဝင်​ရ​ကြ​မည်​ဟု မှာ​ထား​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ