Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 22:6

Judson Bible

သား​တော်​ရှော​လု​မုန်​ကို​လည်း​ခေါ်၍ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ အိမ်​တော်​ကို တည်​ဆောက်​ရ​မည်​အ​ကြောင်း မှာ​ထား​လေ​သည်​မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​အာ​ဗြံ​အ​မှု​ကို​စီ​ရင်၍၊ မိ​မိ​လူ​တို့​အား​မှာ​ထား​သ​ဖြင့်၊ သူ​တို့​သည် အာ​ဗြံ၌​ရှိ​သ​မျှ​သော​ဥ​စ္စာ​နှင့်​တ​ကွ၊ သ​မီး​မောင်​နှံ​တို့​ကို လွှတ်​လိုက်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် အ​ရပ်​ရပ်​တို့၌​ရှိ​သော ရန်​သူ​အ​ပေါင်း​တို့​လက်​မှ ကယ်​လွှတ်​တော်​မူ​သော​ကျေး​ဇူး​ကို ရှင်​ဘု​ရင်​သည်​ခံ​ရ၍၊ နန်း​တော်၌​ငြိမ်​ဝပ်​စွာ နေ​ရ​သော​အ​ခါ။

ဒါ​ဝိဒ်​သည် အ​နိ​စ္စ​ရောက်​ရ​သော​အ​ချိန်​နီး​သော​အ​ခါ၊ သား​တော်​ရှော​လ​မုန်​ကို ပ​ညတ်​ထား​တော်​မူ​သည်​ကား၊

ဒါ​ဝိဒ်​မင်း​သည် နန်း​တော်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​သော​အ​ခါ၊ ပ​ရော​ဖက်​နာ​သန်​ကို​ခေါ်၍ ကြည့်​ရှု​လော့။ ငါ​သည် အာ​ရဇ်​သစ်​သား​အိမ်​နှင့် နေ၏။ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​မူ​ကား ကု​လား​ကာ​ဖြင့်​သာ ကွယ်​ကာ​လျက် နေ​ရ​သည်​ဟု​ဆို​သော်၊

ထို​အ​ခါ ဒါ​ဝိဒ်​မင်း​ကြီး​သည် ရပ်၍၊ ငါ့​ညီ​အစ်​ကို၊ ငါ့​လူ​တို့ နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော် ငြိမ်​ဝပ်​ရာ​အိမ်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ ခြေ​တော်​တင်​ရာ​ခုံ​ကို တည်​လုပ်​မည်​ဟု ငါ​အ​ကြံ​ရှိ၍ တည်​လုပ်​ခြင်း​ငှာ ပြင်​ဆင်​နှင့်​ပြီ။

သူ့​အ​ပေါ်​မှာ​လက်​ကို​တင်၍ မှာ​ခဲ့​လေ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် ပ​ညတ်​ထား​တော်​မူ၏။

အ​ထက်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူသောနေ့မရောက်မီကာလတွင်၊ ပြုမူသွန်သင်တော်မူသ​မျှ​တို့​ကို ထုတ်​ဖော်၍၊ အ​ထက်​ကျမ်း​စာ​ကို ငါ​စီ​ရင်​ရေး​ထား​ပါ​ပြီ။-

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် သေ​ရ​သော​အ​ချိန်​နီး​ပြီ။ ယော​ရှု​ကို​ခေါ်၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့ ချဉ်း​ကပ်​လော့။ သူ့​ကို​ငါ​မှာ​ထား​မည်​ဟု မော​ရှေ​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​နှင့် ယော​ရှု​သည်​သွား၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့ ချဉ်း​ကပ်​ကြ၏။

တစ်​ဖန် နုန်၏​သား​ယော​ရှု​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ ငါ​ကျိန်​ဆို​သော​ပြည်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဆောင်​သွင်း​ရ​မည်။ ငါ​သည် သင်​နှင့်​အ​တူ​ရှိ​မည်​ဟု မှာ​ထား​တော်​မူ၏။

ရှေ့​မ​ဆွ​က​မ​စီ​ရင်၊ ငဲ့​ကွက်​သော​စိတ်​နှင့် အ​လျှင်း​မ​ပြု​ဘဲ၊ ဤ​ပ​ညတ်​များ​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​ရှေ့​မှာ​လည်း​ကောင်း၊ ရွေး​ကောက်​တော်​မူ​သော ကောင်း​ကင်​တ​မန်​တို့ ရှေ့​မှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို သ​စ္စာ​ပေး၏။

ကိုယ်​တော်​တိုင်​ပေါ်​ထွန်း၍ နိုင်​ငံ​တော်​ထင်​ရှား​သော​ကာ​လ၊ အ​သက်​ရှင်​သော​သူ၊ သေ​သော​သူ​တို့​ကို စစ်​ကြော​စီ​ရင်​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ် ရှေ့​မှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင် ရှေ့​မှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို သ​စ္စာ​ပေး​သည်​ကား၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ