များစွာသော အာရဇ်သစ်သားကိုလည်းကောင်း၊ ပြင်ဆင်တော်မူ၏။ ဇိဒုန်မြို့သားနှင့် တုရုမြို့သားတို့သည်၊ အာရဇ်သစ်သားအများကို အထံတော်သို့ ဆောင်ခဲ့ကြ၏။
တုရုမင်းကြီးဟိရံသည် သံတမန်နှင့်တကွ အာရဇ်သစ်သား၊ လက်သမား၊ ပန်းရန်သမားတို့ကို ဒါဝိဒ်ထံသို့စေလွှတ်၍ သူတို့သည် နန်းတော်ကိုတည်ဆောက်ကြ၏။
တုရုမင်းကြီးဟိရံထံသို့ စေလွှတ်၍၊ မင်းကြီးသည် ငါ့အဘဒါဝိဒ်၏ နန်းတော်ဆောက်စရာဖို့ အာရဇ်သစ်သားကို ပေးလိုက်သည်နည်းတူ ငါ၌တစ်ဖန် ကျေးဇူးပြုပါလော့။
ပန်းရန်သမားနှင့် လက်သမားတို့အားလည်း ငွေကိုပေးကြ၏။ ပေရသိရှင်ဘုရင်ကုရု အခွင့်ပေးတော်မူသည်အတိုင်း၊ အာရဇ်သစ်သားကို လေဗနုန်တောင်မှ ယုပ္ပေဆိပ်သို့ ဆောင်စေခြင်းငှာ၊ ဇိဒုန်မြို့သားနှင့် တုရုမြို့သားတို့အား၊ စားစရိတ်နှင့် ဆီများကို ပေးကြ၏။
ကျယ်ဝန်းသောချိုင့်များ၊ မြစ်နားမှာရှိသောဥယျာဉ်များ၊ ထာဝရဘုရား စိုက်တော်မူသောအကျော်ပင်များ၊ ရေနားမှာပေါက်သော အာရဇ်ပင်များကဲ့သို့ ဖြစ်ကြသည်တကား၊