ဣသရေလပြည်၌ရှိသော တစ်ပါးအမျိုးသားတို့ကို စုဝေးစေခြင်းငှာ မိန့်တော်မူ၏။ ဘုရားသခင်၏အိမ်တော် တည်စရာဖို့ ကျောက်ဆစ်ရသော ပန်းရန်သမားတို့ကိုလည်း စေခိုင်းတော်မူ၏။
တုရုမင်းကြီးဟိရံသည် သံတမန်နှင့်တကွ အာရဇ်သစ်သား၊ လက်သမား၊ ပန်းရန်သမားတို့ကို ဒါဝိဒ်ထံသို့စေလွှတ်၍ သူတို့သည် နန်းတော်ကိုတည်ဆောက်ကြ၏။
ထိုအိမ်တော်ကို တည်လုပ်သောအခါ၊ ထိုအရပ်သို့မဆောင်ခဲ့မီ ဆစ်ပြီးသော ကျောက်တို့ဖြင့်သာတည်လုပ်သောကြောင့်၊ သံတူ၊ ပုဆိန်၊ သံတန်ဆာနှင့်လုပ်သောအသံ မမြည်ရ။
ပန်းရန်သမား၊ ကျောက်ဆစ်သမားတို့အတွက် ဗိမာန်တော်ပြိုပျက်ရာကို ပြုပြင်စရာကျောက်နှင့် သစ်သားကိုဝယ်၍ ကုန်သမျှသောအတွက် ပေးဝေကြ၏။
လက်သမားနှင့် ပန်းရန်သမားလုပ်သည်အတွက်၊ ဗိမာန်တော်ပြုပြင်စရာကျောက်နှင့် သစ်သားကိုဝယ်သည်အတွက် ဝေပေးရမည်အကြောင်းမှာထား၍ ဗိမာန်တော်သို့ စေလွှတ်တော်မူ၏။
တုရုမင်းကြီးဟိရံသည် ဒါဝိဒ်အဖို့ နန်းတော်ကိုတည်ဆောက်ခြင်းငှာ၊ သံတမန်နှင့်တကွ အာရဇ်သစ်သား၊ လက်သမား၊ ပန်းရန်သမားတို့ကို စေလွှတ်လေ၏။
တစ်ဖန် ဒါဝိဒ်မင်းကြီးက၊ ဘုရားသခင် ရွေးကောက်တော်မူသော ငါ့သားရှောလမုန်သည် အသက်ငယ်၍ နုသေး၏။ အမှုမူကား ကြီးလှ၏။ တည်ဆောက်ရသော ဗိမာန်သည် လူအဖို့မဟုတ်၊ ထာဝရအရှင် ဘုရားသခင်အဖို့ ဖြစ်၏။
ငါတို့သည် ကိုယ်တော်လိုချင်သမျှသော သစ်သားကို၊ လေဗနုန်တောင်ပေါ်မှာ ခုတ်ပြီးလျှင် ဖောင်လုပ်၍ ပင်လယ်လမ်းဖြင့်၊ ယုပ္ပေမြို့သို့ ဆောင်ခဲ့ပါမည်။ ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သယ်ပို့ရမည်ဟု ပြန်ပြော၏။
ခမည်းတော်ဒါဝိဒ်သည် ဣသရေလနိုင်ငံ၌နေသော တစ်ပါးအမျိုးသား အပေါင်းတို့ကို စာရင်းယူပြီးသည်နောက်၊ တစ်ဖန် ရှောလမုန်သည် စာရင်းယူပြန်၍၊ တစ်သိန်းငါးသောင်း သုံးထောင်ခြောက်ရာတို့ကို တွေ့၏။
ပန်းရန်သမားနှင့် လက်သမားတို့အားလည်း ငွေကိုပေးကြ၏။ ပေရသိရှင်ဘုရင်ကုရု အခွင့်ပေးတော်မူသည်အတိုင်း၊ အာရဇ်သစ်သားကို လေဗနုန်တောင်မှ ယုပ္ပေဆိပ်သို့ ဆောင်စေခြင်းငှာ၊ ဇိဒုန်မြို့သားနှင့် တုရုမြို့သားတို့အား၊ စားစရိတ်နှင့် ဆီများကို ပေးကြ၏။
ထိုအခါ သင်တို့သည် ခရစ်တော်ကိုမသိ၊ ဣသရေလအပေါင်း၌ မဝင်၊ ကတိတော်ပါသော ပဋိညာဉ် တရားတို့နှင့်မဆိုင်၊ မျှော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားမဲ့ နေကြသည်ကိုလည်းကောင်း၊ အောက်မေ့ကြလော့။-