အဒေါနိယကလည်း၊ နိုင်ငံတော်သည် ကျွန်ုပ်လက်သို့ ရောက်သည်ကိုလည်းကောင်း၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် ကျွန်ုပ်ကို ရှင်ဘုရင်အဖြစ်၌ ချီးမြှောက်ချင်သည်အကြောင်းကိုလည်းကောင်း မယ်တော်သိပါ၏။ သို့သော်လည်း နိုင်ငံတော်သည် ကျွန်ုပ်လက်မှလွဲ၍ ညီတော်လက်သို့ ရောက်ပါပြီ။ ထိုသို့ ထာဝရဘုရားအလိုတော်ရှိ၏။