Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 22:1

Judson Bible

သို့​ဖြစ်၍၊ ဒါ​ဝိဒ်​က ဤ​အ​ရပ်​သည် ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၏​အိမ်​တော်​ဖြစ်၏။ ဤ​ယဇ်​ပ​လ္လင်​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ယဇ်​ပ​လ္လင်​ဖြစ်၏​ဟု ဆို​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ဤ​အ​ရပ်​ကား၊ အ​ဘယ်​မျှ​လောက် ကြောက်​မက်​ဖွယ်​ဖြစ်​သည်​တ​ကား။ ဤ​အ​ရပ်​ကား၊ အ​ခြား​မ​ဟုတ်၊ ဘု​ရား​သ​ခင်၏​ဘုံ​ဗိ​မာန်၊ ကောင်း​ကင်​တံ​ခါး​ဝ​ဖြစ်​သည်​တ​ကား​ဟု၊ ကြောက်​ရွံ့​ခြင်း​သို့​ရောက်၍ ဆို၏။

ထို​နေ့​ချင်း​တွင် ဂဒ်​သည် ဒါ​ဝိဒ်​ထံ​သို့​လာ၍၊ ကိုယ်​တော်​ကြွ​ပါ။ ယေ​ဗု​သိ​လူ​အ​ရော​န၏​ကောက်​နယ်​တ​လင်း၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို တည်​ရ​မည်​ဟု၊

သင်​တို့​က၊ ငါ​တို့​သည် ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​သည်​ဟု ဆို​ပြန်​လျှင်၊ ဟေ​ဇ​ကိ​သည် မြင့်​သော​အ​ရပ်​ဌာ​န​နှင့် ယဇ်​ပ​လ္လင်​တို့​ကို​ပယ်၍၊ ယေ​ရု​ရှ​လင်​မြို့​မှာ ဤ​မည်​သော​ယဇ်​ပ​လ္လင်​ရှေ့၌​သာ ကိုး​ကွယ်​ရ​မည်​ဟု ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို မှာ​ထား​သ​ဖြင့်၊ သင်​တို့​ပြစ်​မှား​သော​ဘု​ရား​ဖြစ်​သည် မ​ဟုတ်​လော။

ဒါ​ဝိဒ်​သည် ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​ဓား​ကို ကြောက်​သော​ကြောင့်၊ ထို​ယဇ်​ပ​လ္လင်​သို့​သွား၍ ဘု​ရား​သ​ခင်​ကို မ​မေး​မ​လျှောက်​ဝံ့။

ယေ​ရု​ရှ​လင်​မြို့​တွင်၊ မော​ရိ​တောင်​ပေါ်​မှာ ခ​မည်း​တော်​ဒါ​ဝိဒ်​အား ထာ​ဝ​ရ​ဘု​ရား ထင်​ရှား​တော်​မူ​ရာ​အ​ရပ်၊ ယေ​ဗု​သိ​လူ​အ​ရော​န၏​ကောက်​နယ်​တ​လင်း​ကို ဒါ​ဝိဒ်​ပြင်​ဆင်​ခဲ့​ပြီး​သော​အ​ရပ်၌ ရှော​လ​မုန်​သည် နန်း​စံ​လေး​နှစ်၊ ဒု​တိ​ယ​လ၊ နှစ်​ရက်​နေ့​တွင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို တည်​စ​ပြု​တော်​မူ၏။

ထို​ဟေ​ဇ​ကိ​သည် ထာ​ဝ​ရ​ဘု​ရား၏ မြင့်​သော​အ​ရပ်​ဌာ​န​နှင့် ယဇ်​ပ​လ္လင်​တို့​ကို ပယ်၍၊ သင်​တို့​သည် တစ်​ခု​တည်း​သော ယဇ်​ပ​လ္လင် ရှေ့​မှာ ကိုး​ကွယ်​ရ​မည်။ ထို​ယဇ်​ပ​လ္လင်​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရ​မည်​ဟု ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို မိန့်​တော်​မူ​ပြီ​မ​ဟုတ်​လော။

ရှိ​လော​တဲ​တော်​တည်း​ဟူ​သော၊ လူ​တို့​တွင် နေ​ရာ​ချ​တော်​မူ​သော​အ​ရပ်​ကို စွန့်​တော်​မူ၏။

အ​ခွက်​ငါး​ဆယ်​ကို​ခံ​သော​သူ​သည် သွား၍​ကုန်​သွယ်​ခြင်း​ကို ပြု​သ​ဖြင့် အ​ခြား​သော​အ​ခွက်​ငါး​ဆယ်​ကို အ​မြတ်​ရ​လေ၏။-

နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ် ရှိ​ရ​မည်။ ထို​အ​ရပ်​သို့ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့​ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ရှိ​သည်​အ​တိုင်း၊ မြတ်​သော​ပူ​ဇော်​သ​ကာ​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။

သင်​တို့​အ​မျိုး​တစ်​မျိုး​တွင် ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်၍၊ ငါ​မှာ​ထား​သ​မျှ​တို့​ကို ပြု​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ