Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 21:8

Judson Bible

ဒါ​ဝိဒ်​က၊ အ​ကျွန်ုပ်​ပြု​မိ​သော​အ​မှု၌ အ​လွန်​ပြစ်​မှား​ပါ​ပြီ။ ကိုယ်​တော်​ကျွန်၏ အ​ပြစ်​ကို ဖြေ​ရှင်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် အ​လွန်​မိုက်​သော​အ​မှု​ကို ပြု​မိ​ပါ​ပြီ​ဟု ဘု​ရား​သ​ခင်​အား တောင်း​ပန်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်၏​သား​တို့​လည်း သ​တင်း​ကြား​သော​အ​ခါ၊ တော​အ​ရပ်​မှ​ပြန်​ရောက်​ကြ၏။ ထို​မင်း​သား​သည် ယာ​ကုပ်၏​သ​မီး​နှင့်​အိပ်​မိ၍၊ ဣ​သ​ရေ​လ​အ​မျိုး၌​မိုက်​သော​အ​မှု၊ မ​ပြု​အပ်​သော​အ​ရာ​ကို ပြု​မိ​သော​ကြောင့်၊ သူ​တို့​သည်​စိတ်​နာ၍ အ​လွန်​အ​မျက်​ထွက်​ကြ​၏။

ဒါ​ဝိဒ်​က​လည်း၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ​ဟု နာ​သန်​အား​ဝန်​ချ၍ နာ​သန်​က၊ အ​သက်​တော်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​အ​ပြစ်​ကို ပယ်​တော်​မူ​ပြီ။

ပြု​လျှင် ငါ​သည်​ရှက်​ခြင်း​နှင့် အ​ဘယ်​သို့ ကင်း​လွတ်​မည်​နည်း။ သင်​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး၌ လူ​မိုက်​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ သို့​ဖြစ်၍ ရှင်​ဘု​ရင်​ကို လျှောက်​ပါ​လော့။ လျှောက်​လျှင် မ​ပေး​စား​ဘဲ နေ​တော်​မ​မူ​ပါ​ဟု ပြော​ဆို​သော်​လည်း၊

ဒါ​ဝိဒ်​သည် လူ​တို့​ကို​ရေ​တွက်​ပြီး​မှ နောင်​တ​ရ၍၊ အ​ကျွန်ုပ်​ပြု​မိ​သော​အ​မှု၌ အ​လွန်​ပြစ်​မှား​ပါ​ပြီ။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန်၏​အ​ပြစ်​ကို ဖြေ​ရှင်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် အ​လွန်​မိုက်​သော​အ​မှု​ကို ပြု​မိ​ပါ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​လေ၏။

ဒါ​ဝိဒ်​ပြု​သော​အ​မှု​ကို ဘု​ရား​သ​ခင်​သည် အ​လို​တော်​မ​ရှိ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ဒဏ်​ခတ်​တော်​မူ​မည်​ဖြစ်၍၊

ပြည်​သား​တို့​က ခ​မည်း​တော်​တင်​သော ထမ်း​ပိုး​ကို ပေါ့​စေ​တော်​မူ​ပါ​ဟု လျှောက်​ဆို​ကြ​သည်​ဖြစ်၍၊ သူ​တို့​အား ငါ​ပြန်​ပြော​ရ​မည်​အ​ကြောင်း အ​ဘယ်​သို့ အ​ကြံ​ပေး​ကြ​မည်​နည်း​ဟု မေး​သော်၊

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အ​ပြစ်​များ​လှ​သော​ကြောင့် နာ​မ​တော်​ကို​ထောက်၍ ချမ်း​သာ​ပေး​တော်​မူ​ပါ။

တစ်​ဖန် အ​ကျွန်ုပ်​သည် ကိုယ်​အ​ပြစ်​ကို ရှေ့​တော်၌ ဝန်​ချ​ပါ၏။ ပြု​မိ​သော ဒု​စ​ရိုက်​ကို ဝှက်၍​မ​ထား​ပါ။ ငါ​လွန်​ကျူး​သော​အ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား​အား ဖော်​ပြ​တောင်း​ပန်​မည်​ဟု ပြော​ဆို​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ပြစ်​မှား​ခြင်း​အ​ပြစ်​ကို လွှတ်​တော်​မူ၏။

သင်​သည် ငါ့​စ​ကား​ကို နား​မ​ထောင်။ သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား၍၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ အောက်၌​တွေ့​သော ဧည့်​သည်​တို့​နှင့် မှား​ယွင်း​သော​အ​ပြစ်​ရှိ​ကြောင်း​ကို ဝန်​ချ​ရုံ​မျှ​သာ ပြု​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ပ​တ္ထ​နာ​စ​ကား​ကို ပြင်​ဆင်၍ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လျက်၊ အ​ကျွန်ုပ်​တို့၌ ရှိ​သ​မျှ​သော​အ​ပြစ်​တို့​ကို ပယ်​ရှင်း​တော်​မူ​ပါ။ ကျေး​ဇူး​ပြု၍ လက်​ခံ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​နှုတ်​ခမ်း​တည်း​ဟူ​သော နွား​သ​ငယ်​တို့​ကို ပူ​ဇော်​ပါ​မည်။

နက်​ဖြန်​နေ့၌ ယေ​ရှု​ကြွ​လာ​တော်​မူ​သည်​ကို ယော​ဟန်​သည်​မြင်​လျှင်၊ ဤ​လော​က၏​အ​ပြစ်​ကို ဆောင်​သွား​သော ဘု​ရား​သ​ခင်၏ သိုး​သ​ငယ်​ကို​ကြည့်​လော့။-

ကိုယ်​အ​ပြစ်​တို့​ကို ဖော်​ပြ​တောင်း​ပန်​လျှင်၊ ငါ​တို့​အ​ပြစ်​များ​ကို​လွှတ်၍ ဒု​စ​ရိုက်​ရှိ​သ​မျှ​နှင့် ကင်း​စင်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း ပြည့်​စုံ​တော်​မူ၏။-

ရှ​မွေ​လ​က​လည်း သင်​သည် မှား​ပြီ။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ညတ်​တ​ရား​ကို မ​စောင့်​ပါ​တ​ကား။ စောင့်​မိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌​သင်၏​အာ​ဏာ​ကို ယ​ခု​မှ​စ၍ အ​စဉ်​အ​မြဲ တည်​စေ​တော်​မူ​ပြီ။

ရှော​လု​က​လည်း ငါ​ပြစ်​မှား​ပါ​ပြီ။ ငါ့​သား​ဒါ​ဝိဒ် ပြန်​လာ​ပါ။ သင်​သည် ယ​နေ့​ငါ့​အ​သက်​ကို နှ​မြော​သော​ကြောင့်၊ နောက်​တစ်​ဖန် သင့်​ကို​ငါ​မ​ညှဉ်း​ဆဲ။ ငါ​သည်​လူ​မိုက်​ဖြစ်၏။ အ​လွန်​မှား​ယွင်း​ပြီ​ဟု ဆို​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ