သို့ရာတွင် ယွာဘသည် အမိန့်တော်ကိုရွံ့သောကြောင့်၊ လေဝိအမျိုးနှင့် ဗင်္ယာမိန်အမျိုးကို အခြားသောအမျိုးထဲသို့ သွင်း၍ မရေတွက်။
အာဗနာသည် ဟေဗြုန်မြို့သို့ရောက်သောအခါ၊ ယွာဘသည် အသင့်အတင့်နှုတ်ဆက်ခြင်းငှာ၊ မြို့တံခါးနားသို့ ခေါ်ပြီးလျှင်၊ ညီအာသဟေလ သေသည်အတွက် သူ၏ဝမ်းကိုထိုး၍ သူသည်လည်းသေ၏။
ဒါဝိဒ်ပြုသောအမှုကို ဘုရားသခင်သည် အလိုတော်မရှိသဖြင့်၊ ဣသရေလအမျိုးကို ဒဏ်ခတ်တော်မူမည်ဖြစ်၍၊
ဇေရုယာသား ယွာဘသည် စာရင်းယူစပြု၍၊ ထိုအပြစ်ကြောင့် အမျက်တော်သည် ဣသရေလအမျိုးအပေါ်သို့ သက်ရောက်သောအခါ လက်စမသတ်။ ရေတွက်၍ရသော လူပေါင်းကို ဒါဝိဒ်မင်းကြီး၏မှတ်စာ၌ မသွင်းမမှတ်။