Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 21:30

Judson Bible

ဒါ​ဝိဒ်​သည် ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​ဓား​ကို ကြောက်​သော​ကြောင့်၊ ထို​ယဇ်​ပ​လ္လင်​သို့​သွား၍ ဘု​ရား​သ​ခင်​ကို မ​မေး​မ​လျှောက်​ဝံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့၌ ဒါ​ဝိဒ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် အ​ဘယ်​သို့ ငါ့​ထံ​သို့ ရောက်​ရ​မည်​နည်း​ဟု ဆို​လျက်၊

ထို​နေ့၌​ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင်​ကို​ကြောက်၍၊ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို အ​ဘယ်​ကြောင့် ငါ့​ထံ​သို့ ဆောင်​ခဲ့​ရ​မည်​နည်း​ဟု ဆို​လျက်၊

ဒါ​ဝိဒ်​သည် မျှော်​ကြည့်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​မှာ ဓား​ကို​မိုး​လျက် မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​ကြား​မှာ ရပ်​နေ​သည်​ကို​မြင်​လျှင်၊ ကိုယ်​တိုင်​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​တို့​သည် လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက် မြေ​ပေါ်​မှာ ပျပ်​ဝပ်​လျက်​နေ​ကြ၏။

တော၌ မော​ရှေ​လုပ်​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​နှင့် မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​သည်၊ ထို​ကာ​လ၌ ဂိ​ဗောင်​မြို့၌ မြင့်​သော​အ​ရပ်​ပေါ်​မှာ ရှိ၏။

သို့​ဖြစ်၍၊ ဒါ​ဝိဒ်​က ဤ​အ​ရပ်​သည် ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၏​အိမ်​တော်​ဖြစ်၏။ ဤ​ယဇ်​ပ​လ္လင်​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ယဇ်​ပ​လ္လင်​ဖြစ်၏​ဟု ဆို​လျက်၊

လက်​တော်​ကို သိမ်း​တော်​မူ​ပါ။ ကြောက်​မက်​ဖွယ်​သော အ​ခြင်း​အ​ရာ​တော်​အား​ဖြင့် အ​ကျွန်ုပ်​ကို ခြောက်​တော်​မ​မူ​ပါ​နှင့်။

ငါ​သည် အောက်​မေ့​သော​အ​ခါ မိန်း​မော​တွေ​ဝေ၍၊ ကိုယ်​အ​သား​သည် တုန်​လှုပ်​လျက်​ရှိ၏။

ထို​ကြောင့်​ရှေ့​တော်၌ ငါ​ထိတ်​လန့်​လျက်​နေ၍ ဆင်​ခြင်​သော​အ​ခါ၊ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရ၏။

ကိုယ်​တော်​ကို ထိတ်​လန့်​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ကြက်​သီး​မွေး​ညင်း​ထ၍၊ စီ​ရင်​တော်​မူ​ချက်​တို့​မှ ကြောက်​ပါ၏။

အ​မျက်​တော်​အ​ရှိန်​ကို အ​ဘယ်​သူ​သိ​ပါ​သ​နည်း။ အ​မျက်​ထွက်​တော်​မူ​ခြင်း​ကို ကြောက်​ရွံ့​သင့်​သည်​အ​တိုင်း အ​ဘယ်​သူ ကြောက်​ရွံ့​ပါ​သ​နည်း။

အို လူ​အ​မျိုး​မျိုး​တို့၏ ဘု​ရင်၊ ကိုယ်​တော်​ကို ကြောက်​သင့်​သည် ဖြစ်၍၊ အ​ဘယ်​သူ​သည် မ​ကြောက်​ဘဲ​နေ​ရ​ပါ​မည်​နည်း။ အ​မျိုး​မျိုး​သော ပ​ညာ​ရှိ​အ​ပေါင်း​တို့၌​လည်း​ကောင်း၊ ခပ်​သိမ်း​သော တိုင်း​နိုင်​ငံ​တို့၌​လည်း​ကောင်း ကိုယ်​တော်​နှင့် တူ​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​ပါ။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပင်​လယ်​မ​လွန်​နိုင်​အောင် ဆီး​တား​ဖို့​ရာ သဲ​ကို ထာ​ဝ​ရ​အ​ပိုင်း​အ​ခြား​ခန့်​ထား​သော​ငါ​ကို သင်​တို့​သည် မ​ကြောက်​ကြ​သ​လော။ ငါ၏​ရှေ့​တော်၌ မ​တုန်​လှုပ်​ကြ​သ​လော။ ပင်​လယ်​လှိုင်း​တံ​ပိုး​တို့​သည် ထ၍​မ​နိုင်၊ ဟုန်း၍ မ​ကျော်​မ​လွန်​နိုင်​သော်​လည်း၊

အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍၊ လမ်း​တော်​သို့​လိုက်​သွား​ခြင်း၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချစ်၍ အ​မှု​တော်​ကို​ဆောင်​ရွက်​ခြင်း၊

ထို​သူ​ကို​ငါ​မြင်​သော​အ​ခါ၊ သေ​မ​တတ်​ဖြစ်၍ ခြေ​တော်​ရင်း၌ လဲ​လျက်​နေ၏။ ထို​သူ​သည် လက်​ယာလက်​တော်​ကို ငါ့​အ​ပေါ်​သို့ တင်​လျက်၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ ငါ​သည် အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။-

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို မ​ကြောက်​ရွံ့​ဘဲ၊ နာ​မ​တော်​ကို မ​ချီး​မွမ်း​ဘဲ အ​ဘယ်​သူ​နေ​ရ​ပါ​အံ့​နည်း။ ကိုယ်​တော် တစ်​ပါး​တည်း​သာ​လျှင် သန့်​ရှင်း​တော်​မူ၏။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​တို့​သည် ထင်​ရှား​သည်​ဖြစ်၍၊ လူ​မျိုး​အ​ပေါင်း​တို့​သည်​လာ၍ ရှေ့​တော်၌ ကိုး​ကွယ်​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​ဆို​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ