Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 21:3

Judson Bible

ယွာ​ဘ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို ထပ်၍ အ​ဆ​တစ်​ရာ တိုး​ပွား​စေ​ခြင်း​ငှာ ပြု​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင် အ​ရှင်​မင်း​ကြီး၊ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် သ​ခင်၏​ကျွန်​ဖြစ်​ပါ​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍ ကျွန်​တော်​သ​ခင်​သည် ဤ​အ​မှု​ကို​အ​ဘယ်​ကြောင့် စီ​ရင်​တော်​မူ​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး ပြစ်​မှား​စ​ရာ​အ​ကြောင်း​ကို အ​ဘယ်​ကြောင့် ပြု​တော်​မူ​သ​နည်း​ဟု လျှောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​ကို​လည်း အ​ဘိ​မ​လက်​ခေါ်၍၊ သင်​သည်​ငါ​တို့၌ အ​ဘယ်​သို့​ပြု​သ​နည်း။ သင့်​ကို​ငါ​တို့​သည်​အ​ဘယ်​သို့​ပြစ်​မှား​သော​ကြောင့်၊ သင်​သည်​ငါ၌​လည်း​ကောင်း၊ ငါ့​နိုင်​ငံ၌​လည်း​ကောင်း၊ ကြီး​စွာ​သော​အ​ပြစ်​ကို ရောက်​စေ​သ​နည်း။ သင်​သည် မ​ပြု​အပ်​သော​အ​မှု​ကို ငါ၌​ပြု​ပါ​သည်​တ​ကား​ဟု ဆို​လေ၏။

ကိုယ်​တိုင်​ပြစ်​မှား၍ ဣ​သ​ရေ​လ​အ​မျိုး​ကို​လည်း ပြစ်​မှား​စေ​သော ယေ​ရော​ဗောင်၏​အ​ပြစ်​တို့​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​ကို စွန့်​ပစ်​တော်​မူ​မည်​ဟု ဆင့်​ဆို​လေ၏။

ထို​အ​ခါ ယော​ရှ​မင်း​ကြီး​သည် ယဇ်​ပု​ရော​ဟိတ် ယော​ယ​ဒ​နှင့် အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​တို့​ကို ခေါ်၍၊ သင်​တို့​သည် ဗိ​မာန်​တော်​ပြို​ပျက်​ရာ​တို့​ကို အ​ဘယ်​ကြောင့် မ​ပြု​ပြင်​ဘဲ​နေ​ကြ​သ​နည်း။ နောက်​တစ်​ဖန် အ​သိ​အ​ကျွမ်း​လှူ​သော ငွေ​ကို ကိုယ်​တိုင်​မ​ယူ​ကြ​နှင့်။ ဗိ​မာန်​တော်​ပြို​ပျက်​ရာ​တို့​ကို ပြု​ပြင်​ဖို့​ရာ​အပ်​ကြ​လော့​ဟု ဆို​သည်​အ​တိုင်း၊

ရဲ​ရင့်​သော​စိတ်​ရှိ၍ ငါ​တို့​လူ​မျိုး​နှင့် ငါ​တို့​ဘု​ရား​သ​ခင့် မြို့​ရွာ​တို့​အ​ဖို့ အား​ထုတ်၍ တိုက်​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​ရှိ​သည်​အ​တိုင်း စီ​ရင်​တော်​မူ​စေ​သ​တည်း​ဟု ဆို​ပြီး​မှ၊

သို့​သော်​လည်း အ​မိန့်​တော်​သည် ယွာ​ဘ​စ​ကား​ကို နိုင်​သ​ဖြင့်၊ ယွာ​ဘ​သည်​ထွက်၍ ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​သို့​သွား​ပြီး​မှ၊ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​လာ၏။

ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့် သင်​တို့​သား​မြေး​တို့၌ မင်္ဂ​လာ​ကို​တိုး​ပွား​စေ​တော်​မူ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ရေ​တွက်၍ စာ​ရင်း​ယူ​သော​အ​ခါ၊ ဘေး​လွတ်​မည်​အ​ကြောင်း​ရှိ​သ​မျှ​တို့​သည် အ​သီး​အ​သီး မိ​မိ​အ​သက်​ရွေး​ရန်​အ​ဖိုး​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ရ​မည်။

အာ​ရုန်​ကို​လည်း​ခေါ်၍၊ သင်​သည်​သူ​တို့၌ ဤ​မျှ​လောက်​ကြီး​သော​အ​ပြစ်​ကို ရောက်​စေ​ခြင်း​ငှာ သူ​တို့​သည် သင်၌​အ​ဘယ်​သို့​ပြု​သ​နည်း​ဟု​မေး​လျှင်၊

ပြည်​သား​များ​ပြား​ရာ၌ ရှင်​ဘု​ရင်၏​ဘုန်း​တော်​တည်၏။ ပြည်​သား​နည်း​ပါး​ရာ၌​ကား၊ မင်း​အ​ကျိုး​နည်း​ခြင်း​ရှိ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​အ​မျိုး​ကို တိုး​ပွား​စေ​တော်​မူ​ပြီ။ အ​ကျွန်ုပ်​တို့​အ​မျိုး​ကို တိုး​ပွား​စေ​သ​ဖြင့်၊ ဘုန်း​ကြီး​တော်​မူ၏။ ပြည်​တော်​ကို ပတ်​ဝန်း​ကျင်၌ ကျယ်​စေ​တော်​မူ​ပြီ။

သင်၏​အ​မျိုး​အ​နွယ်​သည် သဲ​လုံး​ကဲ့​သို့​လည်း​ကောင်း၊ သင်၏​သား​မြေး​တို့​သည်၊ သ​မု​ဒ္ဒ​ရာ ကျောက်​စ​ရစ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​ကြ​လိမ့်​မည်။ သင်၏​နာ​မ​သည် ငါ့​ရှေ့​မှာ​မ​ပြတ်၊ မ​ပျက်​မ​စီး​ရ။

သင်​တို့​အ​ဘ​များ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို အ​ဆ​အ​ထောင်​အား​ဖြင့် များ​ပြား​စေ​တော်​မူ​ပါ​စေ​သော။ က​တိ​တော်​ရှိ​သည်​အ​တိုင်း ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။

ထို​မင်း​တို့​သည် ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​ရှိ​ရာ ဂိ​လဒ်​ပြည်​သို့​ရောက်၍၊

မ​ကောင်း​ဘူး ငါ့​သား​တို့။ ငါ​ကြား​သော သ​တင်း​သည် ကောင်း​သော​သ​တင်း​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား၏ လူ​တို့​သည် ပြစ်​မှား​ရ​မည်​အ​ကြောင်း၊ သင်​တို့​ပြု​ကြ​သည် တ​ကား။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ