Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 21:27

Judson Bible

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဓား​ကို ဓား​အိမ်၌​သွင်း​ထား​ပြန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​တ​မန်​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ဖျက်​ဆီး​မည်​ဟု လက်​ကို​ဆန့်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​ဘေး​ကြောင့် နောင်​တ​ရ​တော်​မူ၍၊ တန်​ပြီ။ သင့်​လက်​ကို ရုပ်​သိမ်း​လော့​ဟု လူ​တို့​ကို​ဖျက်​ဆီး​သော ကောင်း​ကင်​တ​မန်​အား မိန့်​တော်​မူ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် ယေ​ဗု​သိ​လူ အ​ရော​န၏​ကောက်​နယ်​တ​လင်း​အ​နား​မှာ ရှိ၏။

သုံး​နှစ်​ပတ်​လုံး အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး​သော​ဘေး၊ သုံး​လ​ပတ်​လုံး သင့်​ကို​ရန်​သူ​လိုက်​မီ၍ ဓား​ဖြင့်​လုပ်​ကြံ​သော​ဘေး၊ သုံး​ရက်​ပတ်​လုံး ပြည်​တော်၌ ကာ​လ​နာ​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​ဓား​တော်​ကို၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည်​ကိုင်၍ ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​ကို ဖျက်​ဆီး​သော​ဘေး​တို့​တွင် တစ်​ပါး​ပါး​ကို​ရွေး​လော့​ဟု မိန့်​တော်​မူ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သော​သူ​အား အ​ဘယ်​သို့​ပြန်​လျှောက်​ရ​မည်​ကို ဆင်​ခြင်​တော်​မူ​ပါ​ဟု လျှောက်​လေ၏။

အ​ရော​န​သည် စ​ပါး​ကို​နယ်​စဉ်​တွင်၊ လှည့်​ကြည့်၍ ရှင်​ဘု​ရင်​ကို မြင်​သော​အ​ခါ၊ သား​လေး​ယောက်​နှင့် တ​ကွ ပုန်း​ရှောင်၍​နေ၏။

ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်၍၊ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​လေ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​အ​ခါ၊ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ပေါ်​သို့ မီး​ကျ​သ​ဖြင့် ကောင်း​ကင်​ထဲ​က ထူး​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ဗု​သိ​လူ​အ​ရော​န၏​ကောက်​နယ်​တ​လင်း၌ ထူး​တော်​မူ​သည်​ကို ဒါ​ဝိဒ်​သိ​မြင်​လျှင်၊ ထို​အ​ရပ်၌ ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ကို ပြု​လေ၏။

တန်​ခိုး​ကြီး၍ နှုတ်​က​ပတ်​တော်​အ​သံ​ကို နား​ထောင်​လျက်၊ အ​မိန့်​တော်​အ​တိုင်း ဆောင်​ရွက်​သော ကောင်း​ကင်​တ​မန်​တော်​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ​လော့။

အို ထာ​ဝ​ရ​ဘု​ရား၏​ဓား​တော်၊ သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မ​ငြိမ်​ဘဲ​နေ​မည်​နည်း။ ကိုယ်​အိမ်၌ ဝင်၍​နေ​လော့။ နေ​ရာ​ကျ၍ ငြိမ်​ဝပ်​စွာ​နေ​လော့။

သင့်​ဓား​ကို အိမ်​သို့​ပြန်​စေ​လော့။ သင့်​ကို ငါ​ဖန်​ဆင်း​သော​အ​ရပ်၊ မွေး​ဖွား​ရာ​ဌာ​န၌ သင့်​ကို ငါ​စီ​ရင်​မည်။

ယေ​ရှု​က​လည်း သင့်​ဓား​ကို သူ့​နေ​ရာ၌​ပြန်​ထား​လော့။ ဓား​ကို​ကိုင်​သော​သူ ရှိ​သ​မျှ​တို့​သည် ဓား​ဖြင့်​ဆုံး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။-

ယေ​ရှု​က​လည်း ဓား​ကို အိမ်၌​သွင်း​ထား​လော့။ ခ​မည်း​တော်​သည် ငါ့​အား​ပေး​တော်​မူ​သော​ခွက်​ကို ငါ​မ​သောက်​ရာ​သ​လော​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ၏။-

ကောင်း​ကင်​တ​မန်​များ​တို့​ကား၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​မွေ​ခံ​လ​တ္တံ့​သော သူ​တို့​ကို ပြု​စု​စေ​ခြင်း​ငှာ၊ စေ​လွှတ်​တော်​မူ​သော အ​စေ​ခံ​နာမ်​ဝိ​ညာဉ် ဖြစ်​ကြ​သည် မ​ဟုတ်​လော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ