ဒါဝိဒ်သည် အရောနရှိရာသို့ ရောက်သောအခါ၊ အရောနကြည့်၍ ဒါဝိဒ်ကိုမြင်လျှင်၊ ကောက်နယ်တလင်းမှဆင်း၍ ဒါဝိဒ်ရှေ့မှာ ဦးချပျပ်ဝပ်လေ၏။
ယော်ဒန်မြစ်နားမှာ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ၊ အလွန်ကြီးစွာသောငိုကြွေးမြည်တမ်းခြင်းကို ပြုကြပြန်၏။ ယောသပ်သည် မိမိအဘကြောင့် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။
အရောနသည် စပါးကိုနယ်စဉ်တွင်၊ လှည့်ကြည့်၍ ရှင်ဘုရင်ကို မြင်သောအခါ၊ သားလေးယောက်နှင့် တကွ ပုန်းရှောင်၍နေ၏။
ဒါဝိဒ်ကလည်း၊ လူတို့တွင် ကာလနာဘေးကို ငြိမ်းစေမည်အကြောင်း၊ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို ငါတည်လိုသည်ဖြစ်၍၊ ဤကောက်နယ်တလင်းအရပ်ကို အဖိုးထိုက်သည်အတိုင်း ရောင်းပါဟု အမိန့်ရှိသော်၊
မီးလျှံသည် ယဇ်ပလ္လင်ပေါ်က မိုးကောင်းကင်သို့ တက်စဉ်တွင်၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ယဇ်ပလ္လင်မီးလျှံ၌ တက်လေ၏။ မာနော်လင်မယားတို့သည် ကြည့်၍မြင်လျှင် မြေပေါ်မှာ ပျပ်ဝပ်လျက်နေကြ၏။
အဘိဂဲလသည် ဒါဝိဒ်ကို မြင်သောအခါ၊ မြည်းပေါ်က အလျင်အမြန်ဆင်းပြီးလျှင် ဒါဝိဒ်ရှေ့တွင် မြေပေါ်မှာ ဦးညွှတ်ချ၍၊