Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 21:2

Judson Bible

ဒါ​ဝိဒ်​က​လည်း၊ လူ​ပေါင်း​မည်​မျှ​ရှိ​သည်​ကို ငါ​သိ​မည်​အ​ကြောင်း၊ ဗေ​ရ​ရှေ​ဘ​မြို့​မှ​သည် ဒန်​မြို့​တိုင်​အောင် သွား၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ရေ​တွက်​ပြီး​လျှင်၊ စာ​ရင်း​ကို ငါ့​ထံ​သို့​သွင်း​လော့​ဟု ဗိုလ်​ချုပ်​မင်း​ယွာ​ဘ​နှင့် အ​ရာ​ရှိ​တို့​အား​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​သည် နံ​နက်​စော​စော​ထ၍၊ မုန့်​နှင့် ရေ​ဘူး​ကို​ယူ​သ​ဖြင့်၊ ဟာ​ဂ​ရ​ပ​ခုံး၌​တင်​ပြီး​လျှင်၊ သူ​ငယ်​ကို​အပ်၍ ကျွန်​မ​ကို လွှတ်​လိုက်​လေ၏။ သူ​သည်​လည်း​သွား၍၊ ဗေ​ရ​ရှေ​ဘ​တော၌ လှည့်​လည်​လျက်​နေ၏။

သို့​ဖြစ်၍ ကျွန်​တော်​သည် အ​ကြံ​ပေး​ပါ​မည်။ ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ ကိုယ်​တော်​ထံ၌ စည်း​ဝေး၍ ကိုယ်​တော်​တိုင် စစ်​ချီ​တော်​မူ​ရ​မည်။

ထို​နေ့​နံ​နက်​မှ​စ၍ ချိန်း​ချက်​သော​အ​ချိန်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ကာ​လ​နာ​ကို လွှတ်​လိုက်​တော်​မူ၍၊ ဒန်​မြို့​မှ​သည် ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် လူ​ခု​နစ်​သောင်း​သေ​ကြ၏။

ဒါ​ဝိဒ်၏​အာ​ဏာ​တော်​ကို ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ဣ​သ​ရေ​လ​ပြည်၊ ယု​ဒ​ပြည်​အ​ရပ်​ရပ်​တို့၌ တည်​စေ​ခြင်း​ငှာ၊ ဒါ​ဝိဒ်​အား​ပြု​မည်​ဟု ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ ငါ​လည်း ဒါ​ဝိဒ်​အား​မ​ပြု​ဘဲ​နေ​လျှင်၊ ထို​မျှ​မ​က ဘု​ရား​သ​ခင်​သည် အာ​ဗ​နာ​အား​ပြု​တော်​မူ​ပါ​စေ​သော​ဟု ဆို​သော​ကြောင့်၊

လက်​ထက်​တော်​ကာ​လ​ပတ်​လုံး၊ ယု​ဒ​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် အ​သီး​အ​သီး​မိ​မိ​စ​ပျစ်​ပင်၊ မိ​မိ​သင်္ဘော​သ​ဖန်း​ပင်​အောက်​မှာ ငြိမ်​ဝပ်​စွာ​နေ​ရ​ကြ၏။

အ​ရပ်​ရပ်​တို့​က​လာ၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား၊ ယေ​ရု​ရှ​လင်​မြို့၌ ပ​သ​ခါ​ပွဲ​ကို​ခံ​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး၊ ဗေ​ရ​ရှေ​ဘ​မြို့​မှ​စ၍ ဒန်​မြို့​တိုင်​အောင်၊ ကြော်​ငြာ​စေ​မည်​အ​ကြောင်း အ​မိန့်​တော်​နှင့်​စီ​ရင်​ကြ၏။

မိ​မိ​မာ​န​သည် မိ​မိ​ကို နှိမ့်​ချ​လိမ့်​မည်။ စိတ်​နှိမ့်​ချ​သော​သူ​မူ​ကား၊ ဂုဏ်​အ​သ​ရေ​ကို​ရ​လိမ့်​မည်။

ငါ​ခံ​ရ​သော​ဗျာ​ဒိတ်​တော် အ​လွန်​ထူး​မြတ်၍ ငါ​သည် ထောင်​လွှား​သော​စိတ်​မ​ရှိ​စေ​ခြင်း​ငှာ၊ ငါ့​ကို ဒဏ်​ခတ်​သော စာ​တန်၏​တ​မန်​တည်း​ဟူ​သော ငါ့​ကိုယ်၌ စူး​သော​ဆူး​ကို ပေး​တော်​မူ၏။-

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်၊ ဂိ​လဒ်​ပြည်​သား​တို့​နှင့်​တ​ကွ ထ​လျက်၊ ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် တစ်​ယောက်​သော​သူ​ကဲ့​သို့ မိ​ဇ​ပါ​မြို့၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ စည်း​ဝေး​ကြ၏။

သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ရော​ဖက်​စစ်​ဖြစ်​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်၊ ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် သိ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ