၁ ရာချုပ် 21:17Judson Bibleဒါဝိဒ်ကလည်း၊ ပြည်သားတို့ကို ရေတွက်စေခြင်းငှာ စီရင်သောသူကား အကျွန်ုပ်ဖြစ်ပါသည် မဟုတ်လော။ အကျွန်ုပ် ပြစ်မှားပါပြီ။ အလွန်ဒုစရိုက်ကို ပြုမိပါပြီ။ ဤသိုးတို့မူကား အဘယ်သို့ ပြုမိပါသနည်း။ အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏လူတို့ကို ဒဏ်ခတ်ခြင်းငှာ လက်တော်ကို သူတို့အပေါ်သို့ ရောက်စေတော်မမူပါနှင့်။ အကျွန်ုပ်နှင့် အကျွန်ုပ်အဆွေအမျိုးအပေါ်သို့ ရောက်စေတော်မူပါဟု ဘုရားသခင်အား တောင်းပန်လေ၏။ အခန်းကိုကြည့်ပါ။ |
မိက္ခာက၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် သိုးထိန်းမရှိသောသိုးကဲ့သို့၊ တောင်များအပေါ်မှာ အရပ်ရပ်ကွဲပြားလျက် ရှိကြသည်ကို ငါမြင်ပြီ။ ထာဝရဘုရားကလည်း၊ ဤသူအပေါင်းတို့သည် အရှင်မရှိသောကြောင့် အသီးအသီး ကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။