Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 20:8

Judson Bible

ဤ​သူ​တို့​သည် ဂါ​သ​မြို့၌​နေ​သော ရေ​ဖိမ်​လူ​ကြီး​သား​ဖြစ်၍ ဒါ​ဝိဒ်​နှင့် သူ၏​ကျွန်​တို့​လက်​ဖြင့် သေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ရေ​ဖိမ်​အ​မျိုး ဣ​ရှ​ဗိ​ဗေ​နုပ်​သည် အ​ချိန်​သုံး​ပိဿာ​ရှိ​သော ကြေး​ဝါ​လှံ​ကို​ကိုင်၍၊ အ​သစ်​သော စစ်​တန်​ဆာ​ကို ဝတ်​ဆင်​လျက် ဒါ​ဝိဒ်​ကို သတ်​မည်​ဟု​ကြံ​လေ၏။

ထို​သူ​လေး​ယောက်​တို့​သည် ဂါ​သ​မြို့၌​နေ​သော ရေ​ဖိမ်​လူ​ကြီး၏​သား​ဖြစ်၍၊ ဒါ​ဝိဒ်​နှင့် သူ၏​ကျွန်​တို့​လက်​ဖြင့် သေ​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး​ကို ကြိမ်း​ပ​သော​အ​ခါ၊ ဒါ​ဝိဒ်​အစ်​ကို​ရှိ​မာ၏ သား​ယော​န​သန်​သည် ထို​သူ​ကို​သတ်​လေ၏။

နောက်​တစ်​ဖန် စာ​တန်​သည် ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌​ထ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ရေ​တွက်​စေ​ခြင်း​ငှာ ဒါ​ဝိဒ်​ကို တိုက်​တွန်း​လေ၏။

တစ်​ဖန် နေ​အောက်​မှာ​ရှိ​သော အ​မှု​အ​ရာ​တို့​ကို ငါ​ပြန်၍​ကြည့်​ရှု​သော​အ​ခါ၊ လျင်​မြန်​သော​သူ​သည် ပြိုင်၍​ပြေး​သော်​လည်း မ​နိုင်​တတ်။ ခွန်​အား​ကြီး​သော​သူ​သည် စစ်​တိုက်၍ မ​အောင်​တတ်။ ပ​ညာ​ရှိ​သော​သူ​သည် ဝ​စွာ​မ​စား​တတ်။ ဉာဏ်​ကောင်း​သော​သူ​သည် စည်း​စိမ်​ကို​မ​ရ​တတ်။ လိ​မ္မာ​သော​သူ​သည် သူ​တစ်​ပါး​ရှေ့၌ မျက်​နှာ​မ​ရ​တတ်။ ခပ်​သိမ်း​သော​သူ​တို့၌ ကာ​လ​အ​ချိန်​စေ့​ခြင်း၊ အ​ဆင်​သင့်​ခြင်း​ရှိ​သည်​အ​တိုင်း ဖြစ်​တတ်​သည်​ကို ငါ​မြင်၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပ​ညာ​ရှိ​သော​သူ​သည် မိ​မိ​ပ​ညာ၌ မ​ဝါ​ကြွား​စေ​နှင့်။ ခွန်​အား​ကြီး​သော​သူ​သည် မိ​မိ​ခွန်​အား၌ မ​ဝါ​ကြွား​စေ​နှင့်။ ဥ​စ္စာ​ရ​တတ်​သော​သူ​သည် မိ​မိ​ဥ​စ္စာ၌ မ​ဝါ​ကြွား​စေ​နှင့်။

သို့​ဖြစ်၍ ဤ​အ​ရာ​များ​တို့၌ အ​ဘယ်​သို့ ပြော​စ​ရာ​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘက်၌ ရှိ​တော်​မူ​လျှင်၊ အ​ဘယ်​သူ​သည် ငါ​တို့​တစ်​ဖက်၌ နေ​နိုင်​မည်​နည်း။-

သို့​ဖြစ်၍ ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော ဤ​တောင်​ကို အ​ကျွန်ုပ်​အား​ပေး​ပါ။ ဤ​တောင်​ပေါ်​မှာ အာ​န​က​လူ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ကြီး​မား​ခိုင်​ခံ့​သော​မြို့​တို့​နှင့် ပြည့်​စုံ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​နေ့၌ ကိုယ်​တော်​သည်​ကြား​ရ​ပြီ။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​နှင့် အ​တူ​ရှိ​တော်​မူ​လျှင်၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ထို​သူ​တို့​ကို​နှင်​ထုတ်​ခြင်း​ငှာ အ​ကျွန်ုပ်​တတ်​စွမ်း​နိုင်​ပါ​သည်​ဟု လျှောက်​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ