Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 20:7

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​ကို ကြိမ်း​ပ​သော​အ​ခါ၊ ဒါ​ဝိဒ်​အစ်​ကို​ရှိ​မာ၏ သား​ယော​န​သန်​သည် ထို​သူ​ကို​သတ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှဲ​သား​ဦး​ကား ဧ​လျာ​ဘ၊ ဒု​တိ​ယ​သား အ​ဘိ​န​ဒပ်၊ တ​တိ​ယ​သား​ရှိ​မာ၊

နောက်​တစ်​ဖန် ဂါ​သ​မြို့​မှာ စစ်​တိုက်​ကြ​စဉ်၊ အ​ရပ်​မြင့်၍ လက်​တစ်​ဖက်၌ လက်​ခြောက်​ချောင်း​စီ၊ ခြေ​တစ်​ဖက်၌ ခြေ​ခြောက်​ချောင်း​စီ၊ ပေါင်း​နှစ်​ဆယ်​လေး​ချောင်း​ရှိ​သော ရေ​ဖိမ်​အ​မျိုး​သား​တစ်​ယောက်​သည်၊

ဤ​သူ​တို့​သည် ဂါ​သ​မြို့၌​နေ​သော ရေ​ဖိမ်​လူ​ကြီး​သား​ဖြစ်၍ ဒါ​ဝိဒ်​နှင့် သူ၏​ကျွန်​တို့​လက်​ဖြင့် သေ​ကြ၏။

ဒါ​ဝိဒ်၏​ဘ​ထွေး​တော် ယော​န​သန်​သည် တိုင်​ပင်​မှူး​မတ် ပ​ညာ​ရှိ​ကျမ်း​တတ်​ဖြစ်၏။ ဟ​ခ​မော​နိ​သား ယေ​ဟေ​လ​သည် ရှင်​ဘု​ရင်၏​သား​တော်​တို့ အ​ပေါင်း​အ​ဖော်​ဖြစ်၏။

သင်​သည် အ​ဘယ်​သူ​ကို ကဲ့​ရဲ့​ဆဲ​ရေး​သ​နည်း။ အ​ဘယ်​သူ​ကို အော်​ဟစ်၍ မျက်​နှာ​ထောင်​လွှား​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​ကို​ပင် ပြု​ပါ​သည်​တ​ကား။

တစ်​ဖန် ယေ​ရှဲ​သည် ရှိ​မာ​ကို သွား​စေ​သ​ဖြင့်၊ ဤ​သူ​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​ရွေး​တော်​မ​မူ​ဟု ဆို၏။

တစ်​ဖန် ထို​ဖိ​လိ​တ္တိ​လူ​က၊ ဣ​သ​ရေ​လ​ဗိုလ်​ခြေ​တို့​ကို ယ​နေ့​ငါ​ကြိမ်း​ပ၏။ လူ​ချင်း​တိုက်​စေ​ခြင်း​ငှာ လူ​တစ်​ယောက်​ကို​ပေး​ကြ​လော့​ဟု ဆို၏။

ဒါ​ဝိဒ်​က​လည်း၊ ထို​ဖိ​လိ​တ္တိ​လူ​ကို​သတ်၍ ဣ​သ​ရေ​လ​အ​မျိုး​ခံ​သော အ​ရှက်​ကွဲ​ခြင်း​ကို ပယ်​ရှင်း​သော​သူ​သည် အ​ဘယ်​အ​ကျိုး​ကို ရ​လိမ့်​မည်​နည်း။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဗိုလ်​ခြေ​တို့​ကို ကြိမ်း​ပ​ရ​မည်​အ​ကြောင်း၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော ထို​ဖိ​လိ​တ္တိ​လူ​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​သ​နည်း​ဟု မိ​မိ​အ​နား​မှာ​ရှိ​သော​သူ​တို့​အား မေး​မြန်း​လျှင်၊

ကိုယ်​တော်​ကျွန်​သည် ခြင်္သေ့​နှင့်​ဝံ​နှစ်​ကောင်​လုံး​ကို သတ်​ပါ၏။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော ထို​ဖိ​လိ​တ္တိ​လူ​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​ဗိုလ်​ခြေ​တို့​ကို ကြိမ်း​ပ​သော​ကြောင့်၊ ထို​အ​ကောင်​တစ်​ကောင်​ကဲ့​သို့ ဖြစ်​ပါ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ