Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 20:1

Judson Bible

အ​ခါ​လည်၍၊ ရှင်​ဘု​ရင်​တို့​သည် စစ်​တိုက်​ချိန်​ရောက်​သော​အ​ခါ၊ ယွာ​ဘ​သည် ဗိုလ်​ခြေ​အ​လုံး​အ​ရင်း​နှင့် ချီ​သွား​သ​ဖြင့်၊ အ​မ္မုန်​ပြည်​ကို တိုက်​ဖျက်၍ ရ​ဗ္ဗာ​မြို့​ကို​ဝိုင်း​ထား၏။ ဒါ​ဝိဒ်​သည် ကိုယ်​တိုင် ယေ​ရု​ရှ​လင်​မြို့၌ နေ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အ​ခါ​လည်၍ ရှင်​ဘု​ရင်​တို့​သည် စစ်​တိုက်​ချိန်​ရောက်​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် ယွာ​ဘ​နှင့်​ကျွန်​များ၊ ဣ​သ​ရေ​လ အ​မျိုး​သား​များ​အ​ပေါင်း​တို့​ကို စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ကို​တိုက်​ဖျက်၍ ရ​ဗ္ဗာ​မြို့​ကို​ဝိုင်း​ထား​ကြ၏။ ဒါ​ဝိဒ်​သည် ကိုယ်​တိုင်​ယေ​ရု​ရှ​လင်​မြို့၌ နေ​လေ၏။

ဒါ​ဝိဒ်​သည် မ​ဟာ​နိမ်​မြို့​သို့​ရောက်​သော​အ​ခါ၊ အ​မ္မုန်​ပြည် ရ​ဗ္ဗာ​မြို့​သား​နာ​ဟတ်၏​သား ရှော​ဘိ၊ လော​ဒေ​ဗာ​မြို့​သား အ​မျေ​လ၏​သား မာ​ခိ​ရ၊ ဂိ​လဒ်​အ​မျိုး ရော​ဂေ​လိမ်​မြို့​သား ဗာ​ဇိ​လဲ​တို့​က၊

တစ်​ဖန် ပ​ရော​ဖက်​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ထံ​သို့​လာ၍၊ ကိုယ်​ကို​ခိုင်​ခံ့​စေ​လော့။ အ​ဘယ်​သို့​ပြု​ရ​မည်​ကို သ​တိ​နှင့်​ဆင်​ခြင်​လော့။ နှစ်​လည်​သော​အ​ခါ ရှု​ရိ​ရှင်​ဘု​ရင်​သည် စစ်​ချီ၍​လာ​လေ​ဦး​မည်​ဟု ဆို၏။

နှစ်​လည်​သော​အ​ခါ ဗင်္ဟာ​ဒဒ်​မင်း​သည် ရှု​ရိ​လူ​တို့​ကို​ရေ​တွက်၍ ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို စစ်​တိုက်​အံ့​သော​ငှာ၊ အာ​ဖက်​မြို့​သို့ ချီ​သွား၏။

ဧ​လိ​ရှဲ​သေ၍ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ပြီး​မှ၊ နောင်​နှစ်​တွင် မော​ဘ​တပ်​သား​တို့​သည် ဣ​သ​ရေ​လ​ပြည်​ကို တိုက်​လာ​ကြ၏။

ဟာ​ဒ​ဒေ​ဇာ​မင်း၏ ကျွန်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ မိ​မိ​တို့​ရှုံး​သည်​ကို သိ​မြင်​လျှင်၊ ဒါ​ဝိဒ်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍ ကျွန်​ခံ​ကြ၏။ နောက်​တစ်​ဖန် ရှု​ရိ​လူ​တို့​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ကို စစ်​မ​ကူ​ကြ။

မီး​ကို​မှုတ်၍၊ မိ​မိ​အ​လုပ်​တည်း​ဟူ​သော လက်​နက်​ကို​လုပ်​တတ်​သော ပန်း​ပဲ​ကို​လည်း​ကောင်း၊ ဖျက်​ဆီး​စေ​ခြင်း​ငှာ ဖျက်​ဆီး​သော​သူ​ကို​လည်း​ကောင်း ငါ​ဖန်​ဆင်း၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ကြာ​ပါ​လိမ့်​မည်​နည်း​ဟု ငါ​မေး​လျှောက်​ပြန်​လျှင်၊ မြို့​တို့​သည် မြို့​သား​မ​ရှိ၊ အိမ်​တို့​သည် အိမ်​သား​မ​ရှိ​အောင် ဖျက်​ဆီး​ခြင်း​သို့​ရောက်​သ​ဖြင့်၊ တစ်​ပြည်​လုံး​သည် လူ​ဆိတ်​ညံ​ရာ​သက်​သက် ဖြစ်​သည်​တိုင်​အောင်​လည်း​ကောင်း၊

အ​မ္မုန်​ပြည်၌ ရ​ဗ္ဗတ်​မြို့​သို့​လည်း​ကောင်း၊ ယု​ဒ​ပြည်၌ ခိုင်​ခံ့​သော ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ကောင်း၊ ဓား​ရောက်​ရာ​လမ်း​ကို မှတ်​သား​လော့။

ရ​ဗ္ဗာ​မြို့​ကို ကု​လား​အုတ်​တင်း​ကုပ်၊ အ​မ္မုန်​ပြည်​ကို သိုး​ကျက်​စား​ရာ​ငါ​ဖြစ်​စေ​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့ သိ​ရ​ကြ​လိမ့်​မည်။

ရ​ဗ္ဗာ​မြို့​ရိုး​ကို​မီး​ရှို့၍ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။ စစ်​တိုက်​သော​နေ့၌ အော်​ဟစ်​ခြင်း၊ မိုး​သက်​မုန်​တိုင်း ရောက်​သော​နေ့၌ လွင့်​သွား​ခြင်း​ရှိ​လိမ့်​မည်။

အ​လွန်​ကြီး​မား​သော​လူ​မျိုး​မှ ဆင်း​သက်​သော ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​တစ်​ယောက်​တည်း​သာ ကျန်​ကြွင်း၏။ လူ​အ​တောင်​အား​ဖြင့် အ​လျား​ကိုး​တောင်၊ အ​နံ​လေး​တောင်​ရှိ​သော သူ၏​သံ​ခု​တင်​သည် အ​မ္မုန်​ပြည်၊ ရ​ဗ္ဗတ်​မြို့၌​ရှိ​သည်​မ​ဟုတ်​လော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ