ဇာရသားကား ဇိမရိ၊ ဧသန်၊ ဟေမန်၊ ကာလကောလ၊ ဒါရ၊ ပေါင်းငါးယောက်တည်း။
ရှောလမုန်သည် ဧဇရဟိတ်အမျိုး ဧသန်၊ မဟောလသား ဟေမန်၊ ခါလကောလ၊ ဒါရဒအစရှိသော လူအပေါင်းတို့ထက်သာ၍ ပညာရှိသဖြင့်၊ ခပ်သိမ်းသော တိုင်းနိုင်ငံအရပ်ရပ်၌ ကျော်စောလေ၏။
ရှောလမုန်သည်လည်း၊ ဟိရံ၏နန်းတော်သားများ စားစရာဖို့ တစ်နှစ်တစ်နှစ်လျှင် ဂျုံဆန်ကောရ နှစ်သောင်း၊ စစ်ပြီးသောဆီ ကောရနှစ်ဆယ်ကို ပေး၏။
ဖာရက်သားကား ဟေဇရုံနှင့် ဟာမုလတည်း။
ဇိမရိသားဖြစ်သော ကာမိ၏သားကား ကျိန်ဆဲအပ်သောအရာကိုယူ၍ ပြစ်မှားသဖြင့်၊ ဣသရေလအမျိုးကိုနှောင့်ယှက်သော အာခန်တည်း။
အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ နေ့ညမပြတ် အော်ဟစ်ပါ၏။
သို့ရာတွင် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သော အာခန်သည်၊ ကျိန်အပ်သောအရာကိုသိမ်းယူ၍ ထိုအရာအားဖြင့် ဣသရေလအမျိုးသားတို့သည် ပြစ်မှားသောအပြစ်ရှိသောကြောင့်၊ ထာဝရဘုရားသည် သူတို့၌ အမျက်ထွက်တော်မူ၏။