Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 2:55

Judson Bible

ယာ​ဗက်​မြို့၌​နေ​သော ရှော​ဖ​ရိ​လူ၊ တိ​ရ​သိ​လူ၊ ရှိ​မ​သိ​လူ၊ စု​ခ​သိ​လူ​တည်း။ ထို​သူ​တို့​သည် ရေ​ခပ်​အ​မျိုး၏​အ​ဘ ဟေ​မတ်​မှ ဆင်း​သက်​သော ကိ​နိ​အ​မျိုး​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​ဇ​ရပ်​မှ ထွက်​သော​အ​ခါ ခ​ရီး​ဦး​ကြို​ပြု​အံ့​ဟု​လာ​သော ရေ​ခပ်​သား​ယော​န​ဒပ်​ကို တွေ့၍ နှုတ်​ဆက်​သ​ဖြင့်၊ ငါ့​စိတ်​နှ​လုံး​သည် သင့်​စိတ်​နှ​လုံး​နှင့်​သင့်၍ သ​ဘော​ဖြောင့်​သ​ကဲ့​သို့ သင့်​စိတ်​နှ​လုံး​သည် သ​ဘော​ဖြောင့်​သ​လော​ဟု မေး​လျှင်၊ ဖြောင့်​ပါ​သည်​ဟု လျှောက်​ဆို​သော်၊ ထို​သို့​မှန်​လျှင် သင့်​လက်​ကို​ပေး​ပါ​ဟု ဆို​သည်​အ​တိုင်း၊ လက်​ကို​ပေး၍ ယေ​ဟု​သည် မိ​မိ​အ​နား​သို့ ရ​ထား​ပေါ်​မှာ ဆွဲ​တင်​လျက်၊

စ​လ​မ​သား​ဟူ​မူ​ကား၊ ဗက်​လင်​နှင့် နေ​တော​ဖာ​သိ​လူ၊ အ​တ​ရုတ်၊ ဗက်​ယွာ​ဘ၊ မ​န​ဟေ​သိ အ​မျိုး​တစ်​ပိုင်း၊ ဇော​ရိ​လူ၊

ဟေ​ဗြုန်​မြို့၌ ဒါ​ဝိဒ်​မြင်​သော​သား​တို့​တွင် သား​ဦး​ကား၊ ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင်​တွင်​မြင်​သော​သား အာ​မ​နုန်​တည်း။ ဒု​တိ​ယ​သား​ကား၊ က​ရ​မေ​လ​မြို့​သူ အ​ဘိ​ဂဲ​လ​တွင် မြင်​သော​သား ဒံ​ယေ​လ​တည်း။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​စာ​ကို လေ့​ကျက်​သော​ဆ​ရာ ဖြစ်​သော​သူ​ဧ​ဇ​ရ​သည် ဗာ​ဗု​လုန်​မြို့​မှ ထွက်​သွား၏။ ထို​သူ​တောင်း​သ​မျှ​ကို သူ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား တန်​ခိုး​တော်​ကြောင့် ရှင်​ဘု​ရင် ပေး​သ​နား​တော်​မူ၏။

ရေ​ခပ်​သား​ယော​န​ဒပ်​အ​မျိုး၌ ငါ့​အ​မှု​ထမ်း​တို့​သည် အ​စဉ်​ရှိ​ကြ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ​တို့​သည် ပ​ညာ​ရှိ​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​သည် ငါ​တို့၌​ရှိ၏​ဟု သင်​တို့​သည် အ​ဘယ်​သို့ ဆို​ရ​လိမ့်​မည်​နည်း။ အ​ကယ်​စင်​စစ် စာ​ရေး​တို့၏ မု​သား​မင်​တံ​သည် မု​သား​တ​ရား​ကို လုပ်​လေ​ပြီ။

မော​ရှေ​ယော​က္ခ​မ၏​သား​မြေး​ဖြစ်​သော ကေ​နိ​အ​မျိုး​သား​တို့​သည်၊ ယု​ဒ​အ​မျိုး​သား​တို့​နှင့်​အ​တူ စွန်​ပ​လွံ​မြို့​မှ အာ​ရဒ်​မြို့​တောင်​ဘက်၊ ယု​ဒ​တော​သို့ လိုက်​သွား၍ နေ​ရာ​ကျ​ကြ၏။

မော​ရှေ၏​ယော​က္ခ​မ ဟော​ဗတ်၏​သား​မြေး​အ​ဝင်၊ ကေ​နိ​အ​မျိုး​သား​ဟေ​ဗာ​သည်၊ ကေ​နိ​လူ​တို့​နှင့်​ခွာ၍ ကေ​ဒေ​ရှ​မြို့​အ​နား၊ ဇာ​နိမ်​သ​ပိတ်​ပင်​ခြေ​ရင်း၌ တဲ​ကို​ဆောက်​လျက် နေ​နှင့်​သ​တည်း။

ကေ​နိ​လူ​တို့​ရှိ​ရာ​သို့ စေ​လွှတ်​လျက်၊ သင်​တို့​ကို အာ​မ​လက်​လူ​တို့​နှင့်​အ​တူ ငါ​ဖျက်​ဆီး​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ သူ​တို့​အ​ထဲ​က ထွက်​သွား၍ နေ​ရာ​ပြောင်း​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ သင်​တို့​သည် ကျေး​ဇူး​ပြု​ကြ​ပြီ​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ ကေ​နိ​လူ​တို့​သည် အာ​မ​လက်​လူ​တို့​အ​ထဲ​က ထွက်​သွား​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ