Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 2:51

Judson Bible

ဗက်​လင်​အ​ဘ စ​လ​မ၊ ဗက်​ဂါ​ဒါ​အ​ဘ ဟာ​ရပ်​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ရာ​ခေ​လ​သေ၍၊ ဗက်​လင်​အ​မည်​ရှိ​သော ဧ​ဖ​ရတ်​မြို့​သို့​သွား​သော​လမ်း​ခ​ရီး​တွင်၊ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။

ဧ​ဖ​ရတ်​သား​ဦး ဟု​ရ၏​သား​ဖြစ်​သော ကာ​လက်​သား​ကား ကိ​ရ​ယတ်​ယာ​ရိမ်​အ​ဘ ရှော​ဗာ​လ၊

ကိ​ရ​ယတ်​ယာ​ရိမ်​အ​ဘ ရှော​ဗာ​လ​သား​ဟူ​မူ​ကား၊ ဟာ​ရော​နှင့် မ​န​ဟေ​သိ အ​မျိုး​တစ်​ပိုင်း၊

ဂေ​ဒေါ်​အ​ဘ ပေ​နွေ​လ၊ ဟု​ရှ​အ​ဘ ဧ​ဇာ​တည်း။ ဤ​သူ​တို့​သည် ဗက်​လင်​အ​ဘ၊ ဧ​ဖ​ရတ်​သား​ဦး ဟု​ရ​အ​မျိုး​အ​နွယ်​တည်း။

ယု​ဒ​ပြည်​ဗက်​လင်​မြို့၌ ဟေ​ရုဒ်​မင်း​ကြီး​လက်​ထက်၊ ယေ​ရှု​သည် ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​ပြီး​မှ၊ မာ​ဂု​ပ​ညာ​ရှိ​တို့​သည် အ​ရှေ့​ပြည်​က ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လာ​ကြ​လျှင်။-

အို ယု​ဒ​ပြည်​ဗက်​လင်​မြို့၊ အ​စိုး​ရ​သော​ယု​ဒ​မြို့​တို့​တွင် သင်​သည် မြို့​ငယ်​မြို့​ယုတ်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ငါ၏​လူ​စု ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​ရ​သော​သ​ခင်​သည် သင်၏​အ​ထဲ​မှာ ပေါ်​ထွန်း​လ​တ္တံ့​ဟု ကျမ်း​လာ​ရှိ​ပါ၏။ ထို​ကြောင့် ယု​ဒ​ပြည်​ဗက်​လင်​မြို့၌ ခ​ရစ်​တော်​ကို ဖွား​မြင်​ရ​ပါ​မည်​ဟု မင်း​ကြီး​အား ပြန်​ကြား​လျှောက်​ထား​ကြ၏။-

ခ​ရစ်​တော်​သည် ဒါ​ဝိဒ်​အ​မျိုး၊ ဒါ​ဝိဒ်​နေ​ရာ​ဌာ​န၊ ဗက်​လင်​ရွာ​သား​ဖြစ်​ရ​မည်​ဟု ကျမ်း​စာ​လာ​သည် မ​ဟုတ်​လော​ဟု ဆို​ကြ၏။-

တ​ရား​သူ​ကြီး​အုပ်​စိုး​သော ကာ​လ၊ တစ်​ရံ​ရော​အ​ခါ ဣ​သ​ရေ​လ​ပြည်၌ အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး၍ ယု​ဒ​ပြည် ဗက်​လင်​မြို့​သား တစ်​ယောက်​သည်၊ မ​ယား​နှင့် သား​နှစ်​ယောက်​ပါ​လျက် မော​ဘ​ပြည်၌ တည်း​ခို​ခြင်း​ငှာ သွား၏။

ထို​သူ​နှစ်​ယောက်​တို့​သည် ခ​ရီး​သွား၍ ဗက်​လင်​မြို့​သို့ ရောက်​သော​အ​ခါ၊ တစ်​မြို့​လုံး အုတ်​အုတ်​ကျက်​ကျက်​ဖြစ်၍၊ ဤ​သူ​ကား နော​မိ​ဟုတ်​သ​လော​ဟု မေး​ကြ၏။

ထို​အ​ခါ​ဗော​ဇ​သည် ဗက်​လင်​မြို့​က​လာ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော​ဟု ရိတ်​သော​သူ​တို့​အား ဆို​လျှင်၊ သူ​တို့​က၊ ကိုယ်​တော်​ကို ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော​ဟု ပြန်​ပြော​ကြ၏။

တံ​ခါး​ဝ၌​ရှိ​သော အ​သက်​ကြီး​သူ​များ၊ လူ​များ​အ​ပေါင်း​တို့​က​လည်း၊ ငါ​တို့​သည် သက်​သေ​ဖြစ်​ကြ၏။ သင့်​အိမ်​သို့​ရောက်​သော ဤ​မိန်း​မ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို တည်​ထောင်​သော မိန်း​မ​နှစ်​ယောက်၊ ရာ​ခေ​လ​နှင့် လေ​အာ​ကဲ့​သို့ ဖြစ်​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​ပါ​စေ​သော။ သင်​သည်​လည်း ဧ​ဖ​ရတ်​အ​ရပ်၌ အ​စွမ်း​သ​တ္တိ​နှင့်​ပြည့်​စုံ၍ ဗက်​လင်​မြို့၌ အ​သ​ရေ​ကျော်​စော​ခြင်း ရှိ​ပါ​စေ​သော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ