Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 2:50

Judson Bible

ဧ​ဖ​ရတ်​သား​ဦး ဟု​ရ၏​သား​ဖြစ်​သော ကာ​လက်​သား​ကား ကိ​ရ​ယတ်​ယာ​ရိမ်​အ​ဘ ရှော​ဗာ​လ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

မာ​ဒ​မေ​န​အ​ဘ ရှာ​ဖ၊ မာ​ခ​ဗေ​န​အ​ဘ ရှေ​ဝ၊ ဂိ​အာ​အ​ဘ​ကို​လည်း​ကောင်း ဖွား​မြင်၏။ ကာ​လက်​သ​မီး​ကား အာ​ခ​သ​တည်း။

ဗက်​လင်​အ​ဘ စ​လ​မ၊ ဗက်​ဂါ​ဒါ​အ​ဘ ဟာ​ရပ်​တည်း။

ကိ​ရ​ယတ်​ယာ​ရိမ်​အ​မျိုး​မျိုး၊ ဣ​သ​ရိ​လူ၊ ဖု​ဟိ​လူ၊ ရှု​မ​သိ​လူ၊ မိ​ရှ​ရိ​လူ​တည်း။ ထို​အ​မျိုး​ထဲ​က ဇာ​ရာ​သိ​လူ​နှင့် ဧ​ရှ​တော​လိ​လူ ဖြစ်​သ​တည်း။

ယု​ဒ​သား​ကား ဖာ​ရက်၊ ဟေ​ဇ​ရုံ၊ ကာ​မိ၊ ဟု​ရ၊ ရှော​ဗာ​လ​တည်း။

ဂေ​ဒေါ်​အ​ဘ ပေ​နွေ​လ၊ ဟု​ရှ​အ​ဘ ဧ​ဇာ​တည်း။ ဤ​သူ​တို့​သည် ဗက်​လင်​အ​ဘ၊ ဧ​ဖ​ရတ်​သား​ဦး ဟု​ရ​အ​မျိုး​အ​နွယ်​တည်း။

ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​တည်း​ဟူ​သော ကိ​ရ​ယတ်​ဗာ​လ​မြို့၊ ရ​ဗ္ဗာ​မြို့၊ ရွာ​နှင့်​တ​ကွ နှစ်​မြို့​တည်း။

ထို​တောင်​ပေါ်​မှ ဆင်း​ပြန်၍၊ နေ​ဖ​တော​စမ်း​ရေ​တွင်း​ကို လျှောက်​သ​ဖြင့် ဧ​ဖ​ရုန်​တောင်​နှင့်​ဆိုင်​သော မြို့​များ​သို့​လည်း​ကောင်း၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့ရာ ဗာ​လာ​မြို့​သို့​လည်း​ကောင်း၊

ခ​ရီး​သွား၍ သုံး​ရက်​မြောက်​သော​နေ့၌ သူ​တို့​မြို့​ရွာ​သို့ ရောက်​ကြ၏။ သူ​တို့​မြို့​ကား ဂိ​ဗောင်​မြို့၊ ခေ​ဖိ​ရာ​မြို့၊ ဗေ​ရုတ်​မြို့၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​တည်း။

တံ​ခါး​ဝ၌​ရှိ​သော အ​သက်​ကြီး​သူ​များ၊ လူ​များ​အ​ပေါင်း​တို့​က​လည်း၊ ငါ​တို့​သည် သက်​သေ​ဖြစ်​ကြ၏။ သင့်​အိမ်​သို့​ရောက်​သော ဤ​မိန်း​မ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို တည်​ထောင်​သော မိန်း​မ​နှစ်​ယောက်၊ ရာ​ခေ​လ​နှင့် လေ​အာ​ကဲ့​သို့ ဖြစ်​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​ပါ​စေ​သော။ သင်​သည်​လည်း ဧ​ဖ​ရတ်​အ​ရပ်၌ အ​စွမ်း​သ​တ္တိ​နှင့်​ပြည့်​စုံ၍ ဗက်​လင်​မြို့၌ အ​သ​ရေ​ကျော်​စော​ခြင်း ရှိ​ပါ​စေ​သော။

ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​တို့​သည် လာ၍ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို ဆောင်​သွား​သ​ဖြင့်၊ တောင်​ပေါ်​မှာ​ရှိ​သော အ​ဘိ​န​ဒပ်​အိမ်၌​ထား၍ သေ​တ္တာ​တော်​ကို စောင့်​စေ​ခြင်း​ငှာ၊ သူ၏​သား​ဧ​လာ​ဇာ​ကို သန့်​ရှင်း​စေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ