Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 2:23

Judson Bible

ဂေ​ရှု​ရ​မြို့၊ အာ​ရံ​မြို့​နှင့်​တ​ကွ ယာ​ဣ​ရ​မြို့​စု၊ ကေ​နတ်​မြို့​နှင့် ပတ်​ဝန်း​ကျင်​သော မြို့​စု​မြို့​ပေါင်း ခြောက်​ဆယ်​တို့​ကို တိုက်​ယူ၏။ ထို​မြို့​အ​ပေါင်း​တို့​ကို ဂိ​လဒ်​အ​ဘ မာ​ခိ​ရ၏​သား​မြေး​တို့​သည် ပိုင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ဧ​ဖ​ရိမ်၏​မြေး​ကို​မြင်​ရ၏။ မ​နာ​ရှေ၏​သား၊ မာ​ဓိ​ရ၏​သား​သ​မီး​တို့​ကို​လည်း မိ​မိ​ဒူး​ပေါ်​မှာ​မွေး​စား​ရ၏။

အ​ဗ​ရှ​လုံ​သည် ဂေ​ရှု​ရ​မြို့​သို့ ပြေး​ပြီး​မှ သုံး​နှစ်​နေ၏။

ဂိ​လဒ်​ပြည်၌ မ​နာ​ရှေ၏​သား ယာ​ဣ​ရ​ပိုင်​သော​မြို့​များ၊ ဗာ​ရှန်​ပြည်၊ အာ​ဂေါ​ဘ​အ​ရပ်၌​မြို့​ရိုး၊ ကြေး​ဝါ​တံ​ခါး​ကျင်​နှင့် ပြည့်​စုံ​သော မြို့​ကြီး​ခြောက်​ဆယ်​ကို စီ​ရင်​သော ဂိ​လဒ်​ပြည်​ရာ​မုတ်​မြို့​မှ ဂေ​ဗာ၏​သား၊

စေ​ဂုပ်​သား​ကား ယာ​ဣ​ရ​တည်း။ ထို​သူ​သည် ဂိ​လဒ်​ပြည်၌ မြို့​နှစ်​ဆယ်​သုံး​မြို့​ကို ပိုင်၏။

ဟေ​ဇ​ရုံ​သည် ကာ​လက်​ဧ​ဖ​ရတ်​မြို့၌ သေ​သော​နောက်၊ သူ၏​မ​ယား​အ​ဘိ​သည် သူ၏​သား​အာ​ရှု​ရ​ကို ဖွား​မြင်၏။ အာ​ရှု​ရ​သား​ကား တေ​ကော​တည်း။

မ​နာ​ရှေ​အ​မျိုး​သား ယာ​ဣ​ရ​သည်၊ အာ​ဂေါ​ဘ​တိုင်း​တစ်​တိုင်း​လုံး​ကို ဂေ​ရှု​ရ​ရွာ၊ မာ​ခါ​ရွာ​အ​ထိ​သိမ်း​ယူ​ပြီး​မှ၊ ယ​နေ့​တိုင်​အောင် မိ​မိ​အ​မည်​ကို​လိုက်၍ ဗာ​ရှန်​ဟာ​ဝုတ်​ယာ​ဣ​ရ​ပြည်​ဟု သ​မုတ်​လေ၏။

သို့​ရာ​တွင် ဣ​သ​ရေ​လ​လူ​တို့​သည် ဂေ​ရှု​ရိ​လူ၊ မာ​ခါ​သိ​လူ​တို့​ကို မ​နှင်​ထုတ်​ကြ။ ထို​လူ​မျိုး​တို့​သည် ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ​ကြ၏။

မ​ဟာ​နိမ်​မြို့​မှ​စ၍ ဗာ​ရှန်​ပြည်​တည်း​ဟူ​သော ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ၏ နိုင်​ငံ​တစ်​လျှောက်​လုံး၊ ဗာ​ရှန်​ပြည်၌​ပါ​သော ယာ​ဣ​ရ​မြို့​ခြောက်​ဆယ်​ကို အ​မွေ​ခံ​ရ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ