စေဂုပ်သားကား ယာဣရတည်း။ ထိုသူသည် ဂိလဒ်ပြည်၌ မြို့နှစ်ဆယ်သုံးမြို့ကို ပိုင်၏။
ထိုနောက်၊ ဟေဇရုံသည် အသက်ခြောက်ဆယ် ရှိသော်၊ ဂိလဒ်အဘ မာခိရ၏သမီးနှင့် စုံဖက်၍ စေဂုပ်ကိုမြင်လေ၏။
ဂေရှုရမြို့၊ အာရံမြို့နှင့်တကွ ယာဣရမြို့စု၊ ကေနတ်မြို့နှင့် ပတ်ဝန်းကျင်သော မြို့စုမြို့ပေါင်း ခြောက်ဆယ်တို့ကို တိုက်ယူ၏။ ထိုမြို့အပေါင်းတို့ကို ဂိလဒ်အဘ မာခိရ၏သားမြေးတို့သည် ပိုင်ကြ၏။
မောရှေသည် ဂိလဒ်မြို့ကို မနာရှေ၏သား မာခိရအမျိုးသားတို့အားပေး၍ သူတို့သည်နေကြ၏။
မနာရှေအမျိုးသား ယာဣရသည်လည်းသွား၍ ဂိလဒ်ရွာများကိုသိမ်းယူပြီးမှ၊ ဟာဝုတ်ယာဣရအမည်ဖြင့် သမုတ်လေ၏။
မနာရှေအမျိုးသား ယာဣရသည်၊ အာဂေါဘတိုင်းတစ်တိုင်းလုံးကို ဂေရှုရရွာ၊ မာခါရွာအထိသိမ်းယူပြီးမှ၊ ယနေ့တိုင်အောင် မိမိအမည်ကိုလိုက်၍ ဗာရှန်ဟာဝုတ်ယာဣရပြည်ဟု သမုတ်လေ၏။
ဂိလဒ်မြို့ကိုကား၊ မာခိရအမျိုးသားတို့အားငါပေး၏။
မဟာနိမ်မြို့မှစ၍ ဗာရှန်ပြည်တည်းဟူသော ဗာရှန်ရှင်ဘုရင်ဩဃ၏ နိုင်ငံတစ်လျှောက်လုံး၊ ဗာရှန်ပြည်၌ပါသော ယာဣရမြို့ခြောက်ဆယ်ကို အမွေခံရသတည်း။