ဟုရသားကား ဥရိ၊ ဥရိသားကား ဗေဇလေလတည်း။
အဇုဘသေသောနောက် ဧဖရတ်ကိုသိမ်း၍ ဟုရကို မြင်ပြန်လေ၏။
ထိုနောက်၊ ဟေဇရုံသည် အသက်ခြောက်ဆယ် ရှိသော်၊ ဂိလဒ်အဘ မာခိရ၏သမီးနှင့် စုံဖက်၍ စေဂုပ်ကိုမြင်လေ၏။
ဟုရသားဖြစ်သော ဥရိ၏သား ဗေဇလေလ လုပ်ခဲ့သော ကြေးဝါယဇ်ပလ္လင်ကို ထာဝရဘုရား၏တဲတော်ရှေ့မှာထားသောကြောင့်၊ ရှောလမုန်နှင့် ပရိသတ်တို့သည် ထိုယဇ်ပလ္လင်သို့ သွားကြ၏။
နားထောင်လော့၊ ငါသည် ယုဒအမျိုးသားဟုရ၏သားဖြစ်သော ဥရိ၏သား ဗေဇလေလကို အမည်ဖြင့်ခန့်ထား၏။
တစ်ဖန် ဗေဇလေလသည်၊ အလျားနှစ်တောင်ထွာ၊ အနံတစ်တောင်ထွာ၊ ဇောက်တစ်တောင်ထွာရှိသော သေတ္တာကို အကာရှသားနှင့်လုပ်၍၊
မောရှေအား ထာဝရဘုရား မှာထားတော်မူသမျှတို့ကို၊ ယုဒအမျိုးသားဟုရ၏သားဖြစ်သော၊ ဥရိ၏သားဗေဇလေလသည် လုပ်လေ၏။