Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 19:7

Judson Bible

မြင်း​ရ​ထား​သူ​ရဲ သုံး​သောင်း​နှစ်​ထောင်​ကို​လည်း​ကောင်း၊ မာ​ခါ​မင်း​ကြီး​နှင့် သူ၏​လူ​တို့​ကို​လည်း​ကောင်း ငှား​သ​ဖြင့်၊ ထို​သူ​တို့​သည် မေ​ဒ​ဘ​မြို့​ရှေ့​မှာ တပ်​ချ​ကြ၏။ အ​မ္မုန်​အ​မျိုး​သား​တို့​သည်​လည်း စု​ဝေး၍ အ​မြို့​မြို့​တို့​မှ စစ်​ချီ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အ​မ္မုန်​အ​မျိုး​သား​တို့​က၊ ငါ​တို့​သည်​ဒါ​ဝိဒ်​ရှေ့​မှာ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​လိမ့်​မည်​ဟု သိ​လျှင်၊ လူ​တို့​ကို​စေ​လွှတ်၍ ဗက်​ရ​ဟော​ဘ​မြို့​နှင့် ဇော​ဘ​မြို့၌​နေ​သော ရှု​ရိ​လူ​ခြေ​သည် သူ​ရဲ​နှစ်​သောင်း၊ မာ​ခ​မင်း​ကြီး၏ လူ​တစ်​ထောင်၊ တော​ဘ​မြို့​သား တစ်​သောင်း​နှစ်​ထောင်​တို့​ကို ငှား​ကြ၏။

ရ​ထား​တစ်​ထောင်၊ မြင်း​စီး​သူ​ရဲ​ခု​နစ်​ထောင်၊ ခြေ​သည်​သူ​ရဲ​နှစ်​သောင်း​ကို ဖမ်း​ဆီး၍ ရ​ထား​တစ်​ရာ​ကို သိမ်း​ထား​ပြီး​မှ အ​ခြား​သော မြင်း​ရ​ထား​ရှိ​သ​မျှ​တို့​ကို ဖျက်​ဆီး​လေ၏။

ထို​သ​တင်း​ကို ဒါ​ဝိဒ်​သည်​ကြား​လျှင် ယွာ​ဘ​နှင့် ခွန်​အား​ကြီး​သော​သူ​ရဲ အ​လုံး​အ​ရင်း​အ​ပေါင်း​ကို စေ​လွှတ်၏။

တစ်​ဖန် ကု​ရှ​ရှင်​ဘု​ရင်​ဇေ​ရ​သည် စစ်​သူ​ရဲ​တစ်​သန်း၊ ရ​ထား​သုံး​ရာ​နှင့်​တ​ကွ ချီ​လာ၍၊ မ​ရေ​ရှ​မြို့​သို့ ရောက်​သော​အ​ခါ၊

ထို​သို့ ဖာ​ရော​ဘု​ရင်၏​မြင်း​တော်၊ ရ​ထား​တော်၊ မြင်း​စီး​သူ​ရဲ​ဗိုလ်​ပါ၊ အဲ​ဂု​တ္တု​လူ​အ​ပေါင်း​တို့​သည်​လိုက်၍ ပိ​ဟ​ဟိ​ရုတ်​မြို့​နား၊ ဗာ​လ​ဇေ​ဖုန်​မြို့​ရှေ့၌ ပင်​လယ်​ကမ်း​နား​မှာ​တပ်​ချ​လျက်​နေ​သော ဣ​သ​ရေ​လ​လူ​တို့​ကို မီ​ကြ၏။

ပြည်​သား​တို့​သည် ဗက်​မြို့၊ ဒိ​ဘုန်​မြို့၌ မြင့်​သော​အ​ရပ်​သို့​တက်၍ ငို​ကြွေး​ကြ၏။ မော​ဘ​ပြည်​သူ​တို့​သည် နေ​ဗော​မြို့၊ မေ​ဒ​ဘ​မြို့​ပေါ်​မှာ ညည်း​တွား​မြည်​တမ်း​ကြ၏။ သူ​တို့​ခေါင်း​ပေါ်​မှာ ဆံ​ပင်​မ​ရှိ။ သူ​တို့ မုတ်​ဆိတ်​ကို​လည်း​ရိတ်​ပယ်​ပြီ။

တစ်​ဖန်​ငါ​တို့​သည် အာ​မော​ရိ​သား​တို့​ကို တိုက်​ပြန်​သော​ကြောင့်၊ ဟေ​ရှ​ဘုန်​ပြည်​သည် ဒိ​ဘုန်​မြို့​တိုင်​အောင် ပျက်​လေ​ပြီ။ မေ​ဒ​ဘ​မြို့​နှင့်​နီး​စပ်​သော နော​ဖာ​မြို့​တိုင်​အောင် သူ​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ကြ​ပြီ​ဟု ဆို​သ​တည်း။

အာ​နုန်​မြစ်​နား၌​ရှိ​သော အာ​ရော်​မြို့၊ မြစ်​အ​ကွေ့၌ ရှိ​သ​မျှ​သော​မြို့​တို့​နှင့်​တ​ကွ၊ မေ​ဒ​ဘ​လွင်​ပြင်​တစ်​လျှောက်​လုံး၊

ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​ပေး​သော​မြေ​ဟူ​မူ​ကား၊ အာ​နုန်​မြစ်​နား၌​ရှိ​သော အာ​ရော်​မြို့၊ မြစ်​အ​ကွေ့၌ ရှိ​သ​မျှ​သော​မြို့​တို့​နှင့်​တ​ကွ၊ ဒိ​ဘုန်​မြို့​တိုင်​အောင် မေ​ဒ​ဘ​လွင်​ပြင်​တစ်​လျှောက်​လုံး၊

ထို​မင်း၌ သံ​ရ​ထား​ကိုး​ရာ​ရှိ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​နှစ်​နှစ်​ဆယ်​ပတ်​လုံး အ​လွန်​ညှဉ်း​ဆဲ​သော​ကြောင့်၊ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​ကြ၏။

ဖိ​လိ​တ္တိ​လူ​တို့​သည်​လည်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​စစ်​တိုက်​ခြင်း​ငှာ၊ ရ​ထား​သုံး​သောင်း​နှင့် မြင်း​ခြောက်​ထောင်​ကို​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ​ရှိ​သော​လူ​များ​ကို​လည်း​ကောင်း စု​ဝေး​စေ​ပြီး​လျှင်၊ စစ်​ချီ​ဗေ​သ​ဝင် မြို့​အ​ရှေ့၊ မိတ်​မတ်​မြို့၌ တပ်​ချ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ