၁ ရာချုပ် 19:2Judson Bibleဒါဝိဒ်ကလည်း၊ ဟာနုန်အဘ နာဟတ်သည် ငါ့အား ကျေးဇူးပြုသောကြောင့်၊ သူ၏သား၌ ကျေးဇူးပြုမည်ဟုဆိုလျက်၊ သူ၏အဘသေရာတွင် နှစ်သိမ့်စေခြင်းငှာ သံတမန်တို့ကိုစေလွှတ်၍၊ ဒါဝိဒ်၏ကျွန်တို့သည် ဟာနုန်မင်းကို နှစ်သိမ့်စေခြင်းငှာ သူရှိရာအမ္မုန်ပြည်သို့ ရောက်ကြ၏။ အခန်းကိုကြည့်ပါ။ |
ဧလိရှဲက၊ သင်သည်ငါတို့အဖို့ ဤမျှလောက်လုပ်ကြွေးပြုစုသည်အတွက်၊ သင့်အဖို့အဘယ်သို့ ပြုရမည်နည်း။ သင့်အဖို့ ရှင်ဘုရင်ထံ၊ ဗိုလ်ချုပ်မင်းထံ၌ ငါပြောရမည်လောဟု ဂေဟာဇိမေးမည်အကြောင်း စီရင်သော်၊ မိန်းမက၊ ကျွန်မသည် ကိုယ်အဆွေအမျိုးတို့တွင် နေပါဦးမည်ဟု ပြန်ပြော၏။
အမ္မုန်အမျိုး မှူးမတ်တို့သည် ဟာနုန်မင်းထံသို့ဝင်၍၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေသောသူတို့ကို စေလွှတ်ရာတွင်၊ ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ ပြည်တော်ကို စစ်ဆေးစူးစမ်း၍ ဖျက်ဆီးခြင်းငှာသာ၊ သူ၏ကျွန်တို့သည် အထံတော်သို့ ရောက်သည်မဟုတ်လောဟု လျှောက်ကြလျှင်၊