ဣသရေလ အမျိုးသားရှေ့မှာ ပြေးကြ၏။ ဒါဝိဒ်သည်လည်း ရှုရိမြင်းရထားစီးသူရဲ ခုနစ်ထောင်၊ ခြေသည်သူရဲ လေးသောင်းတို့ကိုသတ်၍ ဗိုလ်ချုပ်မင်းရှောဗက်ကိုလည်း လုပ်ကြံလေ၏။
ဣသရေလ အမျိုးသားရှေ့မှာ ပြေးကြ၏။ ဒါဝိဒ်သည်လည်း ရှုရိမြင်းရထားစီးသူရဲ ခုနစ်ထောင်၊ ခြေသည်သူရဲ လေးသောင်းတို့ကိုသတ်၍၊ ဗိုလ်ချုပ်မင်းရှောဗက်ကိုလည်း ထိခိုက်သဖြင့် သူသည် ထိုအရပ်၌သေ၏။
ထိုသတင်းကိုကြားလျှင် ဒါဝိဒ်သည် ဣသရေလ အမျိုးသားအပေါင်းတို့ကို စုဝေးစေ၍ ယော်ဒန်မြစ်ကို ကူးသဖြင့်၊ ရန်သူတပ်သို့ရောက်၍ စစ်ခင်းကျင်းလေ၏။ ထိုသို့ဒါဝိဒ်သည် စစ်ခင်းကျင်း၍ ရှုရိလူတို့သည် တိုက်သောအခါ၊
ဟာဒဒေဇာမင်း၏ ကျွန်တို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင်၊ ဒါဝိဒ်နှင့် မိတ်သဟာယဖွဲ့၍ ကျွန်ခံကြ၏။ နောက်တစ်ဖန် ရှုရိလူတို့သည် အမ္မုန်အမျိုးသားတို့ကို စစ်မကူကြ။
ထိုဘုရားသခင်သည် ငါ့ကိုခွန်အားခါးပန်းနှင့် စည်း၍ ငါသွားရာလမ်းကို ဖြောင့်စေတော်မူ၏။
ရှင်ဘုရင်မည်သည်ကား၊ များစွာသော အလုံးအရင်းအားဖြင့် ချမ်းသာမရ။ သူရဲသည်လည်း ခွန်အားကြီးသောအားဖြင့် ကယ်လွှတ်ခြင်းသို့မရောက်။
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူ ရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်တော်မူ၏။