Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 19:13

Judson Bible

ရဲ​ရင့်​သော​စိတ်​ရှိ၍ ငါ​တို့​လူ​မျိုး​နှင့် ငါ​တို့​ဘု​ရား​သ​ခင့် မြို့​ရွာ​တို့​အ​ဖို့ အား​ထုတ်၍ တိုက်​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​ရှိ​သည်​အ​တိုင်း စီ​ရင်​တော်​မူ​စေ​သ​တည်း​ဟု ဆို​ပြီး​မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ရဲ​ရင့်​သော​စိတ်​ရှိ၍ ငါ​တို့​လူ​မျိုး၊ ငါ​တို့​ဘု​ရား​သ​ခင့်​မြို့​ရွာ​တို့​အ​ဖို့ အား​ထုတ်၍ တိုက်​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​ရှိ​သည်​အ​တိုင်း စီ​ရင်​တော်​မူ​စေ​သ​တည်း​ဟု ဆို​ပြီး​မှ၊

သို့​မ​ဟုတ် သင့်​ကို​ငါ​အ​လို​မ​ရှိ​ဟု ငါ့​အား​မိန့်​တော်​မူ​လျှင် ငါ​ရှိ​ပါ၏။ အ​လို​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​စေ​သ​တည်း ဟူ၍​လည်း​ကောင်း၊

ရှု​ရိ​လူ​တို့​သည် ငါ့​ကို​နိုင်​လျှင် ငါ့​အား​ကူ​ရ​မည်။ အ​မ္မုန်​အ​မျိုး​သား​တို့​သည် သင့်​ကို​နိုင်​လျှင် သင့်​အား​ငါ​ကူ​မည်။

သူ၌​ပါ​သော လူ​များ​နှင့်​တ​ကွ၊ ရှု​ရိ​လူ​တို့​ကို စစ်​တိုက်​ခြင်း​ငှာ ချဉ်း​သွား​သော​အ​ခါ၊ ရှု​ရိ​လူ​တို့​သည် ပြေး​ကြ၏။

ထ​တော်​မူ​ပါ။ ဤ​အ​မှု​ကို ကိုယ်​တော်​ဆိုင်​ပါ၏။ အ​ကျွန်ုပ်​တို့​သည်​လည်း ဝိုင်း၍ မ​စ​ကြ​ပါ​မည်။ ရဲ​ရင့်​သော စိတ်​ရှိ၍ ပြု​တော်​မူ​ပါ​ဟု ဧ​ဇ​ရ​အား ပြန်​ပြော​ကြ​လျှင်၊

ထို​အ​မှု​အ​လုံး​စုံ​တို့​ကို ကြည့်​ရှု​စီ​ရင်​ပြီး​မှ မှူး​မတ်၊ မင်း​အ​ရာ​ရှိ၊ ကြွင်း​သော​သူ​တို့​အား ခေါ်၍၊ ရန်​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကြီး​မြတ်၍ ကြောက်​မက်​ဖွယ် ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို အောက်​မေ့​ကြ​လော့။ ညီ​အစ်​ကို သား​မ​ယား​အိမ်​ရာ​အ​ဖို့ တိုက်​ကြ​လော့​ဟု ဆို၏။

ယော​ဘ​သည် ဤ​အ​မှု​များ​နှင့် တွေ့​ကြုံ​သော်​လည်း မ​မှား​ယွင်း။ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း အ​ပြစ်​မ​တင်​ဘဲ နေ၏။

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လော့။ အား​ယူ၍ ရဲ​ရင့်​သော စိတ်​နှ​လုံး​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လျက်​နေ​လော့။

သင်​တို့​သည် သ​တိ​နှင့် စောင့်​နေ​ကြ​လော့။ ယုံ​ကြည်​ခြင်း၌ တည်​ကြ​လော့။ ယောက်ျား အ​စွမ်း​သ​တ္တိ​နှင့်​တ​ကွ ခွန်​အား​စုံ​လင်​လျက် နေ​ကြ​လော့။-

သို့​ဖြစ်၍ ငါ၏​ကျွန်​မော​ရှေ​မှာ​ထား​သော တ​ရား​အ​တိုင်း​ကျင့်​မည်​ဟု စောင့်​ရှောက်​ခြင်း​ငှာ အား​ယူ၍ အ​လွန်​ရဲ​ရင့်​ခြင်း​ရှိ​လော့။ ကြံ​စည်​လေ​သ​မျှ​တို့၌ အောင်​မည်​အ​ကြောင်း ထို​တ​ရား​လမ်း​သို့ လိုက်​လော့။ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​လွှဲ​နှင့်။

ယော​ရှု​က​လည်း သင်​တို့​တိုက်​ရ​သော ရန်​သူ​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ကဲ့​သို့​ပြု​တော်​မူ​မည်​ဖြစ်၍ မ​ကြောက်​ကြ​နှင့်၊ စိတ်​မ​ပျက်​ကြ​နှင့်။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့​ဟု ဆို​ပြီး​မှ၊

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား​ပါ​ပြီ။ စိတ်​တော်​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​တို့၌ ပြု​တော်​မူ​ပါ။ ယ​ခု တစ်​ကြိမ်​သာ​ကယ်​နုတ်​တော်​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တို့​တောင်း​ပန်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား​တောင်း​လျှောက်​လျက်၊

ဒါ​ဝိဒ်​က​လည်း ထို​လူ​ကြောင့် အ​ဘယ်​သူ​မျှ စိတ်​မ​ပျက်​ပါ​စေ​နှင့်။ ကိုယ်​တော်​ကျွန်​သွား၍ ထို​ဖိ​လိ​တ္တိ​လူ​ကို တိုက်​ပါ​မည်​ဟု ရှော​လု​အား​လျှောက်​လျှင်၊

ရှ​မွေ​လ​သည် တစ်​စုံ​တစ်​ခု​ကို​မျှ ဝှက်​မ​ထား အ​လုံး​စုံ​တို့​ကို ပြန်​ကြား၏။ ဧ​လိ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​လျှင် အ​လို​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​ပါ​စေ​သော​ဟု ဝန်​ခံ​လေ၏။

အို ဖိ​လိ​တ္တိ​လူ​တို့၊ ဣ​သ​ရေ​လ​လူ​တို့​သည် သင်​တို့​ထံ၌ ကျွန်​ခံ​ရ​သ​ကဲ့​သို့၊ သူ​တို့​ထံ၌ ငါ​တို့​သည် ကျွန်​မ​ခံ​ရ​မည်​အ​ကြောင်း၊ အား​ယူ၍ ယောက်ျား​ပြု​ကြ​လော့။ ယောက်ျား​ပြု၍ တိုက်​ကြ​လော့​ဟု ပြော​ဆို​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ