ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့ တစ်ဖက်၌ စစ်ခင်းကျင်းစေခြင်းငှာ ညီအဘိရှဲလက်သို့အပ်လျက်၊
ယွာဘညီအဘိရှဲသည်လည်း သူရဲသုံးယောက်တွင် အကြီးဖြစ်၏။ သူသည် လှံကိုကိုင်၍ လူသုံးရာတို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့်၊ သူရဲသုံးယောက်အဝင် နေရာရသတည်း။
ထိုမှတစ်ပါး၊ ဇေရုယာသားအဘိရှဲသည် ဆားချိုင့်တွင် ဧဒုံလူတစ်သောင်းရှစ်ထောင်တို့ကို လုပ်ကြံလေ၏။
ယွာဘသည်လည်း ရှေ့၌လည်းကောင်း၊ နောက်၌လည်းကောင်း၊ စစ်မျက်နှာနှစ်ဖက်ရှိသည်ကို မြင်လျှင်၊ ဣသရေလလူတို့တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက်၍ ရှုရိလူတို့တစ်ဖက်၌ စစ်ခင်းကျင်း၏။
ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါ့အားကူရမည်။ အမ္မုန်အမျိုးသားတို့သည် သင့်ကိုနိုင်လျှင် သင့်အားငါကူမည်။
အမ္မုန်အမျိုးသားတို့သည် ထွက်၍ မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ၏။ စစ်ကူသောမင်းကြီးတို့သည် လွင်ပြင်၌ တခြားစီနေကြ၏။