Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 18:4

Judson Bible

ရ​ထား​တစ်​ထောင်၊ မြင်း​စီး​သူ​ရဲ​ခု​နစ်​ထောင်၊ ခြေ​သည်​သူ​ရဲ​နှစ်​သောင်း​ကို ဖမ်း​ဆီး၍ ရ​ထား​တစ်​ရာ​ကို သိမ်း​ထား​ပြီး​မှ အ​ခြား​သော မြင်း​ရ​ထား​ရှိ​သ​မျှ​တို့​ကို ဖျက်​ဆီး​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ငါ့​ဝိ​ညာဉ်​သည် သူ​တို့​လျှို့​ဝှက်​ခြင်း​အ​မှု​ထဲ​သို့ မ​ဝင်​ရ။ ငါ့​ဘုန်း​သည် သူ​တို့​စည်း​ဝေး​ရာ​နှင့်​အ​သင်း​မ​ဖွဲ့​ရ။ သူ​တို့​သည်​အ​မျက်​ထွက်၍ လူ​အ​သက်​ကို သတ်​ကြ​ပြီ။ ကိုယ်​အ​လို​သို့​လိုက်၍​မြို့​ကို​ဖြို​ဖျက်​ကြ​ပြီ။

ရ​ထား​တစ်​ထောင်၊ မြင်း​စီး​သူ​ရဲ​ခု​နစ်​ထောင်၊ ခြေ​သည် သူ​ရဲ​နှစ်​သောင်း​ကို ဖမ်း​ဆီး၍ ရ​ထား​တစ်​ရာ​ကို သိမ်း​ထား​ပြီး​မှ၊ အ​ခြား​သော​မြင်း​ရ​ထား​ရှိ​သ​မျှ​တို့​ကို ဖျက်​ဆီး​လေ၏။

ရှော​လ​မုန်​သည်​လည်း၊ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​ကို​ဆည်း​ပူး၍၊ ရ​ထား​တစ်​ထောင်​နှင့် လေး​ရာ၊ မြင်း​စီး​သူ​ရဲ တစ်​သောင်း​နှစ်​ထောင်​ရှိ၏။ ရ​ထား​ထိန်း​မြို့​တို့၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့ အ​ထံ​တော်၌​လည်း​ကောင်း​ထား၏။

မှူး​တော်​မတ်​တော်​ဟူ​မူ​ကား၊ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​သား အာ​ဇ​ရိ၊

ဇော​ဘ​မင်း​ကြီး​ဟာ​ဒ​ဒေ​ဇာ​သည်၊ ဥ​ဖ​ရတ်​မြစ်​နား​မှာ မိ​မိ​နိုင်​ငံ​ကို တည်​စေ​ခြင်း​ငှာ သွား​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် ဟာ​မတ်​မြို့​တိုင်​အောင် တိုက်​ဖျက်၍၊

ဒ​မာ​သက်​မြို့​နေ ရှု​ရိ​လူ​တို့​သည် ဇော​ဘ​မင်း​ကြီး​ဟာ​ဒ​ဒေ​ဇာ​ကို စစ်​ကူ​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် ရှု​ရိ​လူ နှစ်​သောင်း​နှစ်​ထောင်​တို့​ကို သတ်​ပြီး​မှ၊

အ​ချို့​သော​သူ​တို့​သည် ရ​ထား​ကို​လည်း​ကောင်း၊ အ​ချို့​တို့​သည် မြင်း​ကို​လည်း​ကောင်း၊ ချီး​မွမ်း​တတ်​ကြ၏။ ငါ​တို့​မူ​ကား၊ ငါ​တို့​ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။

ထို​ရှင်​ဘု​ရင်​သည် ကိုယ်​အ​ဖို့ များ​စွာ​သော မြင်း​တို့​ကို မ​မွေး​ရ။ မြင်း​များ​ပြား​စေ​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​သို့ လူ​ကို​မ​ပြန်​စေ​ရ။ အ​ကြောင်း​မူ​ကား၊ ထို​လမ်း​သို့​မ​ပြန်​မ​သွား​ရ​ဟု ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ​တို့​ကို မ​ကြောက်​နှင့်။ ငါ​သည် နက်​ဖြန်​နေ့ ယ​ခု​အ​ချိန်၌ ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှာ၊ ထို​သူ​အ​ပေါင်း​တို့​ကို အ​သေ​အပ်​မည်။ မြင်း​တို့၏ ခြေ​ကြော​ကို​ဖြတ်​ရ​မည်။ ရ​ထား​တို့​ကို​မီး​ရှို့​ရ​မည်​ဟု ယော​ရှု​အား​မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ယော​ရှု​သည် မြင်း​တို့၏​ခြေ​ကြော​ကို​ဖြတ်၍ ရ​ထား​တို့​ကို မီး​ရှို့​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ