ယောယဒ၏သား ဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။ ဒါဝိဒ်၏သားတော်တို့သည်လည်း အထံတော်၌ မင်းသားအရာနှင့် နေကြ၏။
ကျွန်တော်မျိုးအပေါင်းတို့သည် ခြံရံလျက်လိုက်ကြ၏။ ဂါသမြို့မှ လိုက်လာသောသူ ခြောက်ရာတည်းဟူသော ဂိတ္တိလူအပေါင်းနှင့် ခေရသိလူ၊ ပေလသိလူအပေါင်းသည် ရှေ့တော်၌ချီသွားကြ၏။
ယွာဘသည် ဣသရေလတပ်သားအပေါင်းတို့ကိုအုပ်သော ဗိုလ်ချုပ်မင်းဖြစ်၏။ ယောယဒသား ဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။
အဘိရှဲနောက်မှာ ယွာဘ၏လူများနှင့် ခေရသိလူ၊ ပေလသိလူများမှစ၍ ခွန်အားကြီးသောသူအပေါင်းတို့သည် ဗိခရိသားရှေဘကို လိုက်အံ့သောငှာ ယေရုရှလင်မြို့မှ ထွက်သွားကြ၏။
ယောယဒ၏သားဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။ ဒါဝိဒ်၏သားတော်တို့သည်လည်း မင်းသားအရာနှင့် နေကြ၏။
ထိုအခါ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒသားဗေနာယ၊ ခေရသိလူ၊ ပေလသိလူတို့သည်ထွက်၍ ရှောလမုန်ကို ဒါဝိဒ်မင်းကြီး၏ မြင်းလားပေါ်မှာစီးစေလျက် ဂိဟုန်မြို့သို့ ဆောင်သွားကြ၏။
ရှင်ဘုရင်သည်လည်း ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒသားဗေနာယ၊ ခေရသိလူ၊ ပေလသိလူတို့ကို ရှောလမုန်နှင့်အတူ စေလွှတ်တော်မူ၍ မြင်းလားတော်ပေါ်မှာ စီးစေကြပါပြီ။
အဟိတုပ်၏သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်သည် ယဇ်ပုရောဟိတ်ဖြစ်၏။ စရာယသည် စာရေးတော်ကြီးဖြစ်၏။
ထိုနောက် အမ္မုန်ရှင်ဘုရင်နာဟတ်သည်သေ၍၊ သားတော်ဟာနုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
အကြောင်းမူကား၊ လေဝိသားတို့သည် အာရုန်သားတို့၏လက်ထောက်ဖြစ်သည်နှင့်အညီ၊ သန့်ရှင်းသောအရာရှိသမျှတို့ကို စင်ကြယ်စေ၍၊ ထာဝရဘုရား၏အိမ်တော်နှင့် တံတိုင်းများ၊ အခန်းများ၌အမှုကို ဆောင်ရွက်ရကြမည်။
ယုဒအမျိုး ဇာရအနွယ် မေရှဇဗေလသား ပေသဟိသည်လည်း ရှင်ဘုရင်အခွင့်နှင့် ပြည်သားတို့ကို အုပ်၍ အရေးတော်ပိုင်မင်းဖြစ်၏။
အို ပင်လယ်ကမ်းနားမှာ နေသော ခေရသိအမျိုးသားတို့၊ သင်တို့ တစ်ဖက်၌ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရှိ၏။ အို ဖိလိတ္တိလူနေရာ ခါနာန်ပြည်၊ သင်၌ အဘယ်သူမျှ မနေစေခြင်းငှာ ငါသုတ်သင်မည်။
ခေရသိပြည်တောင်ပိုင်း၊ ယုဒပြည်နှင့် ကာလက်ပြည်တောင်ပိုင်းကို တိုက်၍ ဇိကလတ်မြို့ကို မီးရှို့ပါပြီဟုပြောဆို၏။