Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 18:14

Judson Bible

ထို​သို့​ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို စိုး​စံ၍၊ နိုင်​ငံ​တော်​သား​တို့​တွင် တ​ရား​မှု​ကို စီ​ရင်​ဆုံး​ဖြတ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို​စိုး​စံ၍၊ နိုင်​ငံ​တော်​သား​တို့​တွင် တ​ရား​မှု​ကို စီ​ရင်​ဆုံး​ဖြတ်​တော်​မူ၏။

စစ်​အ​ခင်း​အ​ကျင်း​မ​ပျက်၊ တိုက်​တတ်​သော​သူ၊ အ​ထက်​ဆို​ခဲ့​ပြီး သော​သူ​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ ကြည်​ညို​သော​စိတ်​အား​ကြီး၍ ဟေ​ဗြုန်​မြို့​သို့ လာ​ကြ၏။ ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ချင်​သော စိတ်​သ​ဘော တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ၏။

ဧ​ဒုံ​ပြည်၌ မြို့​စောင့်​တပ်​တို့​ကို​ထား၍၊ ဧ​ဒုံ​ပြည်​သား​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်၌ ကျွန်​ခံ​ကြ၏။ ဒါ​ဝိဒ်​သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​သည် စောင့်​မ​တော်​မူ၏။

ဇေ​ရု​ယာ၏​သား ယွာ​ဘ​သည် ဗိုလ်​ချုပ်​မင်း​ဖြစ်၏။ အ​ဟိ​လုဒ်၏​သား ယော​ရှ​ဖတ်​သည် အ​တွင်း​ဝန်​ဖြစ်၏။

ယေ​ရှဲ၏​သား ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို အ​စိုး​ရ​သော​မင်း ဖြစ်​တော်​မူ၏။

အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏​တ​ရား​ဆုံး​ဖြတ်​ခြင်း​နှင့် ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​အ​ခွင့်​ကို မင်း​သား​ဖြစ်​သော ရှင်​ဘု​ရင်​အား ပေး​သ​နား​တော်​မူ​ပါ။

တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ ဖြောင့်​မတ်​စွာ​ဆုံး​ဖြတ်​ခြင်း​သည် ပ​လ္လင်​တော်၏​တည်​ရာ​ဖြစ်​ပါ၏။ က​ရု​ဏာ​နှင့်​သ​စ္စာ​သည် မျက်​နှာ​တော်​ရှေ့၌​သွား​ကြ​ပါ၏။

ဒါ​ဝိဒ်​မင်း၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်၍၊ နိုင်​ငံ​တော်​ကို နောင်​ကာ​လ​အ​စဉ်​မ​ပြတ်၊ တ​ရား​တော်​အ​တိုင်း ဖြောင့်​မတ်​စွာ​စီ​ရင်၍ အ​မြဲ​တည်​စေ​တော်​မူ​မည်​အ​ကြောင်း၊ အာ​ဏာ​တော်​တိုး​တက်​ခြင်း​နှင့် ငြိမ်​သက်​တော်​မူ​ခြင်း​သည် နိ​စ္စ​အ​မြဲ​ရှိ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​အား​ကြီး၍၊ ထို​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် အာ​ရဇ်​သစ်​သား၏​ဂုဏ်​ကို ကိုး​စား​သော​ကြောင့် စိုး​စံ​ရ​မည်​လော။ သင်၏​အ​ဘ​သည် ဝ​စွာ​စား​သောက်​ရ​သည် မ​ဟုတ်​လော။ တ​ရား​သ​ဖြင့် စီ​ရင်​ဆုံး​ဖြတ်​သည် မ​ဟုတ်​လော။ ထို​သို့​ပြု၍ ကောင်း​စား​ခြင်း​ရှိ၏။

ထို​ကာ​လ​အ​ခါ သန့်​ရှင်း​သော​အ​ညွန့်​ကို ဒါ​ဝိဒ်​အ​ဖို့ ငါ​ပေါက်​စေ၍၊ သူ​သည် မြေ​ကြီး​ပေါ်​မှာ တ​ရား​သ​ဖြင့် ဖြောင့်​မတ်​စွာ စီ​ရင်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ