Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 18:13

Judson Bible

ဧ​ဒုံ​ပြည်၌ မြို့​စောင့်​တပ်​တို့​ကို​ထား၍၊ ဧ​ဒုံ​ပြည်​သား​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်၌ ကျွန်​ခံ​ကြ၏။ ဒါ​ဝိဒ်​သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​သည် စောင့်​မ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​ဝမ်း​အ​တွင်း၌ လူ​မျိုး​နှစ်​မျိုး​ရှိ၏။ သင်၏​ဝမ်း​ထဲ​က ခြား​နား​သော​လူ​စု​နှစ်​စု​ကို ဖွား​ရ​လိမ့်​မည်။ လူ​တစ်​မျိုး​သည် တစ်​မျိုး​ထက်​အား​ကြီး​လိမ့်​မည်။ အ​ကြီး​သည်​အ​ငယ်၌ ကျွန်​ခံ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

သူ​တစ်​ပါး​တို့​သည်​သင်၌​ကျွန်​ခံ၍၊ အ​ပြည်​ပြည်​တို့​သည် သင့်​ရှေ့​မှာ ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင်​သည် သင်၏​ညီ​အစ်​ကို​တို့၌​အ​ရှင်​ဖြစ်၍၊ သင့်​အ​မိ​သား​တို့​သည် သင့်​ရှေ့​မှာ​ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကျိန်​ဆဲ သော​သူ​အ​ပေါင်း​တို့​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကောင်း​ချီး​ပေး​သော​သူ​အ​ပေါင်း​တို့​သည် ကောင်း​ချီး​ကို​ခံ​ရ​ကြ​စေ​သ​တည်း​ဟု ကောင်း​ချီး​ပေး​လေ၏။

ဣ​ဇာက်​က​လည်း၊ သူ့​ကို သင်၏​အ​ရှင်​ဖြစ်​စေ​ပြီ။ ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို သူ၌​ကျွန်​ခံ​စေ​ပြီ။ ဆန်​စ​ပါး၊ စ​ပျစ်​ရည်​နှင့်​သူ့​ကို​ထောက်​မ​ပြီ။ သို့​ဖြစ်၍ ငါ့​သား၊ သင်၌ အ​ဘယ်​သို့​ပြု​နိုင်​တော့​အံ့​နည်း​ဟု၊ ဧ​သော​အား​ပြန်​ပြော​လျှင်၊

ဓား​ဖြင့်​အ​သက်​ကို​မွေး​ရ​လိမ့်​မည်။ ညီ၌​ကျွန်​ခံ​ရ​လိမ့်​မည်။ နောက်​တစ်​ဖန် အ​စိုး​ရ​သော​အ​ခါ၊ သူ​တင်​သော​ထမ်း​ပိုး​ကို သင်၏​လည်​ပင်း​မှ​ချိုး​ပယ်​လိမ့်​မည်​ဟု ပြန်၍​ဆို​လေ၏။

ထို​အ​ခါ ဒါ​ဝိဒ်​သည် ရဲ​တိုက်​တွင်​နေ၍၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ဗက်​လင်​မြို့၌ တပ်​ချ​ကြ၏။

အ​ထက်​က ဒါ​ဝိဒ်​သည် ဧ​ဒုံ​ပြည်၌​ရှိ၍၊ ဗိုလ်​ချုပ်​ယွာ​ဘ​သည် ဧ​ဒုံ​အ​မျိုး​သား ယောက်ျား​အ​ပေါင်း​တို့​ကို ပယ်​ဖြတ်​မည်​ဟု ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့် ဧ​ဒုံ​ပြည်၌ ခြောက်​လ​နေ​ပြီး​မှ၊ အ​သေ​ကောင်​များ​ကို မြေ၌​မြှုပ်​စေ​ခြင်း​ငှာ သွား​စဉ်​အ​ခါ၊

ထို​မှ​တစ်​ပါး၊ ဇေ​ရု​ယာ​သား​အ​ဘိ​ရှဲ​သည် ဆား​ချိုင့်​တွင် ဧ​ဒုံ​လူ​တစ်​သောင်း​ရှစ်​ထောင်​တို့​ကို လုပ်​ကြံ​လေ၏။

ထို​သို့​ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို စိုး​စံ၍၊ နိုင်​ငံ​တော်​သား​တို့​တွင် တ​ရား​မှု​ကို စီ​ရင်​ဆုံး​ဖြတ်​တော်​မူ၏။

ရှု​ရိ​ပြည်​ဒ​မာ​သက်​မြို့၌ မြို့​စောင့်​တပ်​ကို ထား​သ​ဖြင့်၊ ရှု​ရိ​လူ​တို့​သည် ဒါ​ဝိဒ်၌​ကျွန်​ခံ၍ အ​ခွန်​ဆက်​ရ​ကြ၏။ ဒါ​ဝိဒ်​သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​သည် စောင့်​မ​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မ​ကောင်း​သော​အ​မှု​အ​ရာ အ​လုံး​စုံ​တို့​ကို​ကွယ်​ကာ၍၊ သင်၏​အ​သက်​ကို စောင့်​တော်​မူ​လိမ့်​မည်။

အောင်​မြင်​ရ​သော​အ​ခွင့်​ကို ရှင်​ဘု​ရင်​တို့​အား​ပေး​တော်​မူ၏။ ကိုယ်​တော်၏​ကျွန်​ဒါ​ဝိဒ်​ကို ဆိုး​သော​ဓား​ဘေး​နှင့် ကင်း​လွတ်​စေ​တော်​မူ၏။

ဧ​ဒုံ​ပြည်​ကို​လည်း သိမ်း​ယူ​လိမ့်​မည်။ စိ​ရ​တောင်​သည်​လည်း ရန်​သူ​လက်​သို့ ရောက်​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သည် ရဲ​ရင့်​စွာ​ပြု​လိမ့်​မည်။

ဒ​မာ​သက်​မြို့၌ အ​ရေ​တ​မင်း​ကြီး​ခန့်​ထား​သော မြို့​ဝန်​သည် ငါ့​ကို ဖမ်း​ဆီး​ခြင်း​ငှာ​အ​လို​ရှိ၍၊ ဒ​မာ​သက်​မြို့​ကို​စောင့်​စဉ်​တွင်၊-

ထို​နောက်​မှ ဖိ​လိ​တ္တိ​တပ်​ရှိ​ရာ ဘု​ရား​သ​ခင်၏​တောင်​သို့​ရောက်၍ မြို့​သို့​ချဉ်း​ကပ်​သော​အ​ခါ၊ ပ​ရော​ဖက် အ​ပေါင်း​အ​သင်း​သည် တ​ယော၊ ပတ်​သာ၊ ပု​လွေ၊ စောင်း​ပါ​လျက် ပ​ရော​ဖက်​ပြု​လျက်၊ မြင့်​သော​အ​ရပ်​မှ ဆင်း​လာ​ကြ​သည်​ကို တွေ့​လိမ့်​မည်။

ယော​န​သန်​သည် ဂိ​ဗာ​မြို့၌​ရှိ​သော ဖိ​လိ​တ္တိ​တပ်​ကို​လုပ်​ကြံ​သ​ဖြင့် ဖိ​လိ​တ္တိ​လူ​တို့​သည် သ​တင်း​ကြား၏။ ရှော​လု​က​လည်း မြစ်​တစ်​ဖက်၌ နေ​သော​သူ​တို့​သည် ကြား​သိ​စေ​ဟု တစ်​ပြည်​လုံး တံ​ပိုး​မှုတ်​စေ၏။

တစ်​နေ့​သ၌ ရှော​လု၏ သား​ယော​န​သန်​သည် ခ​မည်း​တော်​ထံ၌ အ​ခွင့်​မ​ပန်​ဘဲ၊ လက်​နက်​ဆောင်​လု​လင်​ကို​ခေါ်၍၊ တစ်​ဖက်၌​နေ​သော ဖိ​လိ​တ္တိ​တပ်​သို့ သွား​ကြ​ကုန်​အံ့​ဟု ဆို​လေ၏။

ဒါ​ဝိဒ်​သည် အ​ရာ​ရာ၌ သ​တိ​ပ​ညာ​နှင့်​ပြု​မူ၍ သူ​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ၏၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ