ထိုမှတစ်ပါး၊ ဇေရုယာသားအဘိရှဲသည် ဆားချိုင့်တွင် ဧဒုံလူတစ်သောင်းရှစ်ထောင်တို့ကို လုပ်ကြံလေ၏။
ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့တစ်ဖက်၌ စစ်ခင်းကျင်းစေခြင်းငှာ၊ ညီအဘိရှဲလက်သို့ အပ်လျက်၊
ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင်၊ သူတို့သည်လည်း အဘိရှဲရှေ့မှာပြေး၍ မြို့ထဲသို့ဝင်ကြ၏။ ယွာဘသည်လည်း အမ္မုန်ပြည်မှထွက်၍ ယေရုရှလင်မြို့သို့ ပြန်သွားလေ၏။
ဒါဝိဒ်ကလည်း၊ အဗရှလုံပြုသည်ထက် ဗိခရိသားရှေဘသည် သာ၍ အပြစ်ပြုလိမ့်မည်။ သင့်သခင်၏ကျွန်တို့ကို ခေါ်၍ ထိုသူကိုလိုက်လော့။ သို့မဟုတ်သူသည် ခိုင်ခံ့သောမြို့ တစ်စုံတစ်မြို့ထဲသို့ဝင်၍ ငါတို့လက်မှ လွတ်လိမ့်မည်ဟု အဘိရှဲအား မိန့်တော်မူသည်အတိုင်း၊
ဇေရုယာသားအဘိရှဲသည် ကူညီ၍ ဖိလိတ္တိလူကို တိုက်သတ်လေ၏။ ထိုအခါ ဒါဝိဒ်၏ လူတို့က၊ ဣသရေလအလင်းကွယ်မည်ဟု စိုးရိမ်စရာရှိသောကြောင့်၊ ကိုယ်တော်သည် ကျွန်တော်တို့နှင့်အတူ နောက်တစ်ဖန် စစ်ချီကြွတော်မမူရာဟု ကျိန်ဆိုလျက် လျှောက်ကြ၏။
ဇေရုယာသား ယွာဘညီအဘိရှဲသည်လည်း သူရဲသုံးယောက်တွင် အကြီးဖြစ်၏။ သူသည် လှံကိုကိုင်၍ လူသုံးရာတို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့်၊ သူရဲသုံးယောက်အဝင် နေရာရသတည်း။
ထိုသို့ယွာဘနှင့် ညီအဘိရှဲသည် အာဗနာကိုသတ်၏။ အကြောင်းမူကား၊ သူတို့ညီ အာသဟေလကို ဂိဗောင်စစ်တိုက်ပွဲ၌ အာဗနာသတ်သတည်း။
ထိုသားသည် ငါ၏နာမအဖို့ အိမ်ကိုဆောက်လိမ့်မည်။ သူထိုင်သော ရာဇပလ္လင်ကို အစဉ်အမြဲ ငါတည်စေမည်။
အထက်က ဒါဝိဒ်သည် ဧဒုံပြည်၌ရှိ၍၊ ဗိုလ်ချုပ်ယွာဘသည် ဧဒုံအမျိုးသား ယောက်ျားအပေါင်းတို့ကို ပယ်ဖြတ်မည်ဟု ဣသရေလလူအပေါင်းတို့နှင့် ဧဒုံပြည်၌ ခြောက်လနေပြီးမှ၊ အသေကောင်များကို မြေ၌မြှုပ်စေခြင်းငှာ သွားစဉ်အခါ၊
အာမဇိမင်းသည် ဧဒုံအမျိုးသားတစ်သောင်းကို ဆားချိုင့်၌သတ်၍ သေလမြို့ကိုတိုက်သဖြင့်၊ ယနေ့တိုင်အောင် ယုဿေလဟူ၍ သမုတ်လေ၏။
ယွာဘညီအဘိရှဲသည်လည်း သူရဲသုံးယောက်တွင် အကြီးဖြစ်၏။ သူသည် လှံကိုကိုင်၍ လူသုံးရာတို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့်၊ သူရဲသုံးယောက်အဝင် နေရာရသတည်း။
ထိုဖလားတို့ကို ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားအား ပူဇော်၏။ ထိုအတူ ရှုရိပြည်၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဖိလိတ္တိပြည်၊ အာမလက်ပြည်၊ အပြည်ပြည်တို့မှဆောင်ခဲ့သော ရွှေငွေကိုလည်းပူဇော်၏။
ဧဒုံပြည်၌ မြို့စောင့်တပ်တို့ကိုထား၍၊ ဧဒုံပြည်သားအပေါင်းတို့သည် ဒါဝိဒ်၌ ကျွန်ခံကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရားသည် စောင့်မတော်မူ၏။
ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့ တစ်ဖက်၌ စစ်ခင်းကျင်းစေခြင်းငှာ ညီအဘိရှဲလက်သို့အပ်လျက်၊
သူတို့နှမကား ဇေရုယာနှင့် အဘိဂဲလတည်း။ ဇေရုယာသားကား အဘိရှဲ၊ ယွာဘ၊ အာသဟေလ၊ ပေါင်းသုံးယောက်တည်း။
အာမဇိသည်လည်း ကိုယ်ကိုခိုင်ခံ့စေ၍ ဆားချိုင့်ကို တပ်ချီသဖြင့်၊ စိရတောင်သားတစ်သောင်းကို လုပ်ကြံလေ၏။
အိုဘုရားသခင်၊ ကိုယ်တော်သည် အမျက်ထွက်သဖြင့်၊ အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရပ်ရပ်သို့ ကွဲပြားစေတော်မူပြီ။ တစ်ဖန် အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။
မြေကြီးကို လှုပ်၍ ခွဲတော်မူပြီ။ ကွဲအက်ရာတို့ကို တစ်ဖန် စေ့စပ်စေတော်မူပါ။ တုန်လှုပ်လျက် ရှိပါသေး၏။
ဒါဝိဒ်ကလည်း၊ ရှောလုရှိရာတပ်သို့ ငါနှင့်အတူ အဘယ်သူလိုက်မည်နည်းဟု ဟိတ္တိအမျိုးသား အဟိမလက်နှင့် ဇေရုယာ၏သား ယွာဘညီ အဘိရှဲတို့ကို မေးလျှင်၊ အဘိရှဲက ကျွန်တော်လိုက်ပါမည်ဟု လျှောက်သည်အတိုင်း၊
အဘိရှဲကလည်း၊ ဘုရားသခင်သည် ကိုယ်တော်၏ရန်သူကို ကိုယ်တော်လက်၌ ယနေ့အပ်တော်မူပြီ။ ထိုကြောင့် ကျွန်တော်သည် မြေတိုင်အောင် လှံနှင့် တစ်ချက်တည်းထိုးပါရစေဟု ကျွန်တော်တောင်းပန်ပါ၏။ နှစ်ချက်တိုင်အောင် မထိုးပါဟု ဒါဝိဒ်ကိုလျှောက်သော်လည်း၊