Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 18:11

Judson Bible

ထို​ဖ​လား​တို့​ကို ဒါ​ဝိဒ်​မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်၏။ ထို​အ​တူ ရှု​ရိ​ပြည်၊ မော​ဘ​ပြည်၊ အ​မ္မုန်​ပြည်၊ ဖိ​လိ​တ္တိ​ပြည်၊ အာ​မ​လက်​ပြည်၊ အ​ပြည်​ပြည်​တို့​မှ​ဆောင်​ခဲ့​သော ရွှေ​ငွေ​ကို​လည်း​ပူ​ဇော်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ ရှော​လ​မုန်​မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​အ​ဖို့ ပြု​လုပ်​စီ​ရင်​သ​မျှ​အ​လုံး​စုံ​တို့​ကို လက်​စ​သတ်​ပြီး​မှ၊ ခ​မည်း​တော်​ဒါ​ဝိဒ်​လှူ​သော ရွှေ​ငွေ​တန်​ဆာ​များ​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ဘ​ဏ္ဍာ​စု​ထဲ​မှာ သွင်း​ထား​လေ၏။

ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​သည် ဘိုး​တော်​ဘေး​တော်​တည်း​ဟူ​သော ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​ဖတ်၊ ယ​ဟော​ရံ၊ အာ​ခ​ဇိ​လှူ​သ​မျှ​သော တန်​ဆာ​နှင့် ကိုယ်​တိုင်​သန့်​ရှင်း​စေ​သ​မျှ​သော တန်​ဆာ​များ၊ ဗိ​မာန်​တော်​ဘ​ဏ္ဍာ၊ နန်း​တော်​ဘ​ဏ္ဍာ​တွင် တွေ့​သ​မျှ​သော​ရွှေ​ကို​ယူ၍ ရှု​ရိ​ရှင်​ဘု​ရင် ဟာ​ဇေ​လ​ထံ​သို့ ပေး​လိုက်​သော​ကြောင့်၊ ဟာ​ဇေ​လ​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ထား၍ သွား၏။

မိ​မိ​ရန်​သူ​ဟာ​ဒ​ဒေ​ဇာ​ကို ဒါ​ဝိဒ်​သည် စစ်​တိုက်၍ လုပ်​ကြံ​သော​ကြောင့်၊ မိတ်​သ​ဟာ​ယ​ဖွဲ့၍ ကောင်း​ချီး​ပေး​စေ​ခြင်း​ငှာ မိ​မိ​သား​ဟ​ဒေါ​ရံ​ကို ဒါ​ဝိဒ်​မင်း​ကြီး​ထံ​သို့ စေ​လွှတ်၍၊ ဟ​ဒေါ​ရံ​သည် ရွှေ​ဖ​လား၊ ငွေ​ဖ​လား၊ ကြေး​ဝါ​ဖ​လား အ​မျိုး​မျိုး​တို့​ကို ဆောင်​ခဲ့​လေ၏။

ထို​မှ​တစ်​ပါး၊ ဇေ​ရု​ယာ​သား​အ​ဘိ​ရှဲ​သည် ဆား​ချိုင့်​တွင် ဧ​ဒုံ​လူ​တစ်​သောင်း​ရှစ်​ထောင်​တို့​ကို လုပ်​ကြံ​လေ၏။

ငါ​သည် ဆင်း​ရဲ​ခံ​စဉ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​အ​ဖို့ ရွှေ​အ​ခွက်​တစ်​ထောင်​နှင့် ငွေ​အ​ခွက် တစ်​သောင်း​ကို​လည်း​ကောင်း၊ အ​ချိန်​မ​မှတ်​နိုင်​အောင် များ​စွာ​သော ကြေး​ဝါ​နှင့်​သံ​ကို​လည်း​ကောင်း၊ သစ်​သား​များ​နှင့် ကျောက်​များ​ကို​လည်း​ကောင်း ပြင်​ဆင်​ပြီ။ သင်​သည်​လည်း ထပ်၍ ပြင်​ဆင်​ရ​မည်။

လေ​ဝိ​သား​တို့​တွင်၊ အ​ဟိ​ယ​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​ဘ​ဏ္ဍာ​နှင့် ပူ​ဇော်​သော​ဘ​ဏ္ဍာ​များ​ကို အုပ်​ရ၏။

သို့​ရာ​တွင် ကြည်​ညို​သော​စိတ်​နှင့် ဤ​မျှ​လောက် ပူ​ဇော်​နိုင်​အောင် အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်၏​လူ​တို့​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​သ​နည်း။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တန်​ခိုး​တော်​ကြောင့် ဖြစ်​ပါ၏။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်၏​ဥ​စ္စာ​ထဲ​က​သာ ကိုယ်​တော်​အား ပူ​ဇော်​ပါ၏။

ထို​သို့ ရှော​လ​မုန်​သည် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​အ​ဖို့ ပြု​လုပ်​စီ​ရင်​သ​မျှ အ​လုံး​စုံ​တို့​ကို လက်​စ​သတ်​ပြီး​မှ၊ ခ​မည်း​တော်​ဒါ​ဝိဒ်​လှူ​သော ရွှေ​ငွေ​တန်​ဆာ​များ​ကို ဆောင်​ခဲ့၍ ဘု​ရား​သ​ခင်၏​အိမ်​တော် ဘ​ဏ္ဍာ​စု​ထဲ​မှာ သွင်း​ထား​လေ၏။

သင်​တို့​တွင် ထာ​ဝ​ရ​ဘု​ရား​အား လှူ​သော​အ​လှူ​ကို ပြင်​ဆင်​ကြ​လော့။ ကြည်​ညို​သော​စေ​တ​နာ​စိတ် ရှိ​သ​မျှ​သော​သူ​တို့​သည်၊ ရွှေ၊ ငွေ၊ ကြေး​ဝါ၊

အို ဇိ​အုန်​သ​တို့​သ​မီး၊ ထ၍ နယ်​လော့။ သင့်​ဦး​ချို​ကို သံ​ဖြင့်​လည်း​ကောင်း၊ သင့်​ခွာ​တို့​ကို ကြေး​ဝါ​ဖြင့်​လည်း​ကောင်း ငါ​ပြီး​စေ​မည်။ သင်​သည် လူ​မျိုး​များ​တို့​ကို ညက်​ညက်​ချေ​ရ​မည်။ သူ​တို့​တွင်​ရ​သ​မျှ​သော စည်း​စိမ်​ဥ​စ္စာ​ကို​ယူ၍၊ မြေ​တစ်​ပြင်​လုံး​ကို အ​စိုး​ပိုင်​တော်​မူ​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​မည်။

ရွှေ​ငွေ​ကို​လည်း​ကောင်း၊ ကြေး​ဝါ​တန်​ဆာ၊ သံ​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​စေ၍၊ ဘ​ဏ္ဍာ​တော်​ထဲ​သို့ သွင်း​ထား​ရ​ကြ​မည်​ဟု လူ​များ​တို့​အား ယော​ရှု​သည်​မှာ​ထား​လေ၏။

မြို့​နှင့်​တ​ကွ မြို့၌​ရှိ​သ​မျှ​တို့​ကို မီး​ရှို့​ကြ၏။ သို့​ရာ​တွင် ရွှေ​ငွေ​ကို​လည်း​ကောင်း၊ ကြေး​ဝါ​တန်​ဆာ၊ သံ​တန်​ဆာ​တို့​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ ဘ​ဏ္ဍာ​တော်​ထဲ​သို့ သွင်း​ထား​ကြ၏။

ဒါ​ဝိဒ်​က​လည်း၊ သင်​သည် အ​ဘယ်​သူ​နှင့် ဆိုင်​သ​နည်း။ အ​ဘယ်​အ​ရပ်​က လာ​သ​နည်း​ဟု မေး​လျှင်၊ ကျွန်​တော်​သည် အာ​မ​လက်​လူ​ထံ၌ ကျွန်​ခံ​ရ​သော အဲ​ဂု​တ္တု​လူ​က​လေး​ဖြစ်​ပါ၏။ သုံး​ရက်​အ​ထက်​က အ​နာ​ရောက်​သော​ကြောင့် သ​ခင်​သည် ပစ်​ထား​ပါ၏။

ဒါ​ဝိဒ်​သည်​လည်း ထို​သိုး​နွား​များ​ရှေ့​မှာ အ​ရင်​နှင်​သော သိုး​နွား​အ​ပေါင်း​တို့​ကို​လည်း ယူ၍၊ ဤ​ဥ​စ္စာ​သည် ဒါ​ဝိဒ်​ပိုင်​သော လက်​ရ​ဥ​စ္စာ​ဖြစ်​သည်​ဟု ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ