Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 17:9

Judson Bible

ထို​မှ​တစ်​ပါး၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​နေ​ရာ အ​ရပ်​ကို ငါ​ပြင်​ဆင်​ပြီ။ သူ​တို့​သည် နောက်​တစ်​ဖန် မ​ပြောင်း​မ​လဲ၊ မိ​မိ​တို့​နေ​ရာ၌ နေ​စေ​ခြင်း​ငှာ ငါ​မြဲ​မြံ​စေ​မည်။ မ​တ​ရား​သော သူ​တို့​သည် ရှေး​ကာ​လ၌​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​တ​ရား​သူ​ကြီး​တို့​ကို ခန့်​ထား​သော​ကာ​လ၌​လည်း​ကောင်း၊ ညှဉ်း​ဆဲ​သ​ကဲ့​သို့ နောက်​တစ်​ဖန် မ​ညှဉ်း​ဆဲ​ရ။ သင့်​ကို​လည်း ရန်​သူ​အ​ပေါင်း​တို့ လက်​မှ ကယ်​လွှတ်၍ ချမ်း​သာ​ပေး​ပြီ။ သင်၏​အ​မျိုး အ​နွယ်​ကို​လည်း ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပြီ။

သင်​သွား​လေ​ရာ​ရာ၌ ငါ​လိုက်၍၊ သင်၏​ရန်​သူ အ​ပေါင်း​တို့​ကို သင့်​ရှေ့​မှာ ပယ်​ရှား​သ​ဖြင့်၊ မြေ​ကြီး​သား လူ​ကြီး​ဂုဏ်​အ​သ​ရေ​ကဲ့​သို့ သင်၌​ဂုဏ်​အ​သ​ရေ​ကို ငါ​ပေး​ပြီ။

တစ်​ပါး​အ​မျိုး​သား​တို့​ကို လက်​တော်​ဖြင့်​နှင်​ထုတ်၍ အ​ကျွန်ုပ်​တို့၏​ဘိုး​ဘေး​များ​ကို နေ​ရာ​ချ​တော်​မူ၏။ တစ်​ပါး​အ​မျိုး​သား​တို့​ကို နှိပ်​စက်၍ ဘိုး​ဘေး​များ​ကို ပြန့်​ပွား​စေ​တော်​မူ၏။

ရန်​သူ​သည် သူ၏​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​မ​ယူ​ရ။ မ​တ​ရား​သော​သူ​သည် မ​ညှဉ်း​ဆဲ​ရ။

ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ စိုက်​ပျိုး​သော​သူ​တို့​သည် ငါ​တို့​ဘု​ရား​သ​ခင်၏ တံ​တိုင်း​တော်​တွင် ပွင့်​လန်း​ကြ​လိမ့်​မည်။

ကာ​လ​အင်​တန်​ကြာ​ပြီး​မှ၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် အ​နိ​စ္စ​ရောက်​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လည်း အ​စေ​ကျွန်​ခံ​ရ​သော​ကြောင့် ညည်း​တွား​ငို​ကြွေး​ကြ​၏။ ထို​သို့​အ​စေ​ကျွန်​ခံ၍ ငို​ကြွေး​သော​အ​သံ​သည် ဘု​ရား​သ​ခင်​ထံ​တော်​သို့ တက်​ရောက်​လေ​၏။

သင်၏​သား​သ​မီး​တို့​သည် အ​လျင်​အ​မြန် ပြု​ကြ​လိမ့်​မည်။ သင့်​ကို လု​ယူ​ဖျက်​ဆီး​သော သူ​တို့​သည် သင့်​ထံ​မှ ထွက်​သွား​ကြ​လိမ့်​မည်။

သင်၏​ပြည်၌ အ​နိုင်​အ​ထက်​ပြု​ခြင်း​အ​သံ​ကို နောက်​တစ်​ဖန် မ​ကြား​ရ။ သင်၏​နယ်​အ​တွင်း​တွင် လု​ယူ ဖျက်​ဆီး​ခြင်း​မ​ရှိ​ရ။ သင်၏​မြို့​ရိုး​ကို ကယ်​တင်​ခြင်း​ဟူ၍​လည်း​ကောင်း၊ မြို့​တံ​ခါး​တို့​ကို ချီး​မွမ်း​ခြင်း​ဟူ၍​လည်း​ကောင်း သ​မုတ်​ရ​လိမ့်​မည်။

စိတ်​မ​သာ​ညည်း​တွား​သော ဇိ​အုန်​မြို့​သား​တို့​အ​ဖို့​စီ​ရင်၍၊ ပြာ​အ​ရာ၌ ပေါင်း​သ​ရ​ဖူ၊ ဝမ်း​နည်း​ခြင်း​အ​ရာ၌ ဝမ်း​မြောက်​ခြင်း​ဆီ၊ ညှိုး​ငယ်​သော စိတ်​သ​ဘော​အ​ရာ၌ ချီး​မွမ်း​ခြင်း​အ​ဝတ်​တန်​ဆာ​ကို သူ​တို့​အား​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ။ ထို​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​သ​ပိတ်​ပင်၊ ဘုန်း​အ​သ​ရေ​တော်​ဖို့ ထာ​ဝ​ရ​ဘု​ရား စိုက်​ပျိုး​တော်​မူ​သော​အ​ပင်​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

သူ​တို့၌ ကျေး​ဇူး​ပြု​မည်​ဟု ငါ​ကြံ​စည်၍၊ ဤ​ပြည်​သို့ တစ်​ဖန်​ဆောင်​ခဲ့​ဦး​မည်။ နောက်​တစ်​ဖန် မ​ဖြို​မ​ဖျက်​ဘဲ တည်​ဆောက်​မည်။ မ​နုတ်​မ​ပယ်​ဘဲ စိုက်​ထား​မည်။

သူ​တို့​အား ကျေး​ဇူး​ပြု​ခြင်း​အ​မှု၌ ငါ​သည် အား​ရ​ဝမ်း​မြောက်၍၊ ငါ့​စိတ်​နှ​လုံး​နှင့် နာမ်​ဝိ​ညာဉ် အ​ကြွင်း​မဲ့​ပါ​လျက်၊ သူ​တို့​ကို ဤ​ပြည်၌ ဆက်​ဆက်​နေ​ရာ​ချ​မည်။

ကိုယ်​ဉာဏ်​ပ​ညာ​အား​ဖြင့် ဥ​စ္စာ​ရ​တတ်၏။ ရွှေ​ငွေ​ကို ဆည်း​ပူး​ပြီ။

အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​က ခေါ်​ခဲ့၍ စု​ဝေး​စေ​ပြီး​လျှင်၊ သူ​တို့​နေ​ရင်း​ပြည်​သို့ ပို့​ဆောင်​မည်။ ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်၊ မြစ်​တို့​အ​နား အ​စ​ရှိ​သော​နေ​စ​ရာ​အ​ရပ်​ရပ်​တို့၌ ကျွေး​မွေး​မည်။

ငါ၏​ကျွန်​ယာ​ကုပ်​အား​ငါ​ပေး၍၊ သင်​တို့ ဘိုး​ဘေး​များ​နေ​ဖူး​သော ပြည်၌ သူ​တို့​နှင့် သား​မြေး​အ​စဉ်​အ​ဆက်​တို့​သည် နေ​ကြ​လိမ့်​မည်။ ငါ၏​ကျွန်​ဒါ​ဝိဒ်​သည်​လည်း သူ​တို့​ကို အ​စဉ်​အ​မြဲ​စိုး​စံ​လိမ့်​မည်။

သူ​တို့​ကို နေ​ရင်း​အ​ရပ်၌ ငါ​စိုက်​ထား​မည်။ ငါ​ပေး​သော​ပြည်​မှ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​နုတ်​ရ​ဟု၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ပ​ရော​ဖက်​အာ​မုတ်​စီ​ရင်​ရေး​ထား​သော​အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

လျှပ်​ပေါ်​သော​စ​ကား​ဖြင့် အ​ဘယ်​သူ​မျှ သင်​တို့​ကို မ​လှည့်​ဖြား​စေ​နှင့်။ ထို​အ​မှု​ကြောင့် ဘု​ရား​သ​ခင်၏ အ​မျက်​တော်​သည် ငြင်း​ဆန်​တတ်​သော သူ​တို့ အ​ပေါ်​သို့ သင့်​ရောက်​ပေ၏။-

ဘု​ရား​သ​ခင်​သည် သူ​တို့၏ မျက်​စိ၌ မျက်​ရည်​ရှိ​သ​မျှ​တို့​ကို သုတ်​တော်​မူ​မည်။ နောက်​တစ်​ဖန် သေ​ဘေး​မ​ရှိ​ရ။ စိတ်​မ​သာ ညည်း​တွား​ခြင်း၊ အော်​ဟစ်​ခြင်း၊ ပင်​ပန်း​ခြင်း​လည်း မ​ရှိ​ရ။ အ​ကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အ​ရာ​တို့​သည် ရွေ့​သွား​ကြ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ