Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 17:8

Judson Bible

သင်​သွား​လေ​ရာ​ရာ၌ ငါ​လိုက်၍၊ သင်၏​ရန်​သူ အ​ပေါင်း​တို့​ကို သင့်​ရှေ့​မှာ ပယ်​ရှား​သ​ဖြင့်၊ မြေ​ကြီး​သား လူ​ကြီး​ဂုဏ်​အ​သ​ရေ​ကဲ့​သို့ သင်၌​ဂုဏ်​အ​သ​ရေ​ကို ငါ​ပေး​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ သင်​သွား​လေ​ရာ​ရာ​၌ ငါ​စောင့်​မ​မည်။ ဤ​ပြည်​သို့​တစ်​ဖန် ဆောင်​ခဲ့​ဦး​မည်။ က​တိ​ထား​သည်​အ​တိုင်း​မ​ပြည့်​စုံ​မီ၊ သင့်​ကို​ငါ​မ​စွန့်​ဟု မိန့်​တော်​မူ​၏။

ဒါ​ဝိဒ်​သည် ရှော​လု​မင်း​မှ​စ၍ ရန်​သူ​အ​ပေါင်း​တို့​လက်​မှ ထာ​ဝ​ရ​ဘု​ရား ကယ်​လွှတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင် မြွက်​ဆို​သော သီ​ချင်း​စ​ကား​ဟူ​မူ​ကား၊

သင်​သွား​လေ​ရာ​ရာ၌ ငါ​လိုက်၍ သင်၏​ရန်​သူ​အ​ပေါင်း​တို့​ကို သင့်​ရှေ့​မှ​ပယ်​ရှား​သ​ဖြင့်၊ မြေ​ကြီး​သား​တို့​တွင် လူ​ကြီး၏​ဂုဏ်​အ​သ​ရေ​ကဲ့​သို့ သင်၌​ကြီး​စွာ​သော ဂုဏ်​အ​သ​ရေ​ကို​ငါ​ပေး​ပြီ။

ရှု​ရိ​ပြည်​ဒ​မာ​သက်​မြို့၌ မြို့​စောင့်​တပ်​ကို​ထား​သ​ဖြင့်၊ ရှု​ရိ​လူ​တို့​သည် ဒါ​ဝိဒ်၌​ကျွန်​ခံ၍ အ​ခွန်​ဆက်​ရ​ကြ၏။ ဒါ​ဝိဒ်​သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​စောင့်​မ​တော်​မူ၏။

ဟာ​ဒ​ဒေ​ဇာ​အ​စိုး​ရ​သော ဘေ​တ​မြို့​နှင့် ဗေ​ရော​သဲ​မြို့​မှ ဒါ​ဝိဒ်​မင်း​ကြီး​သည် များ​စွာ​သော​ကြေး​ဝါ​ကို သိမ်း​သွား၏။

ဒါ​ဝိဒ်​သ​တင်း​သည် အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၌ နှံ့​ပြား၍၊ ခပ်​သိမ်း​သော လူ​မျိုး​တို့​သည် သူ့​ကို​ကြောက်​ရွံ့​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ၏။

သို့​ရာ​တွင် အို​ဘု​ရား​သ​ခင်၊ ထို​ကျေး​ဇူး​တော်​ကို သာ​မ​ည​ကျေး​ဇူး​ဟု ထင်​မှတ်​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်​ကျွန်၏​အ​မျိုး​အ​နွယ်​ကို ကြာ​မြင့်​စွာ​သော ကာ​လ​နှင့်​ယှဉ်​လျက် မိန့်​တော်​မူ​ပါ​သည်​တ​ကား။ အို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို ဘုန်း​ကြီး​သော​သူ​ကဲ့​သို့ မှတ်​တော်​မူ​ပါ​သည်​တ​ကား။

နာ​သန်​က အ​ကြံ​တော်​ရှိ​သ​မျှ​အ​တိုင်း ပြု​တော်​မူ​ပါ။ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဟု ပြန်​လျှောက်၏။

ယ​ခု​မှာ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သိုး​ထိန်း​ရာ​သိုး​ခြံ​ထဲ​က သင့်​ကို ငါ​နုတ်​ယူ၍၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အုပ်​စိုး​သော​မင်း​အ​ရာ၌ ငါ​ခန့်​ထား​ပြီ။

ထို​မှ​တစ်​ပါး၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​နေ​ရာ အ​ရပ်​ကို ငါ​ပြင်​ဆင်​ပြီ။ သူ​တို့​သည် နောက်​တစ်​ဖန် မ​ပြောင်း​မ​လဲ၊ မိ​မိ​တို့​နေ​ရာ၌ နေ​စေ​ခြင်း​ငှာ ငါ​မြဲ​မြံ​စေ​မည်။ မ​တ​ရား​သော သူ​တို့​သည် ရှေး​ကာ​လ၌​လည်း​ကောင်း၊

ငွေ​တော်​ကို​ခွဲ​လျက်၊ အ​ခွန်​တော်​အ​ကောက်​တော်​ကို ခံ​လျက်၊ မြစ်​အ​နောက်​ဘက် တစ်​လျှောက်​လုံး​ကို​အ​စိုး​ရ၍ တန်​ခိုး​ကြီး​သော ရှင်​ဘု​ရင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ နေ​ဖူး​ကြောင်း​များ​ကို သိ​ရ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ခွန်​အား​ဗ​လ​တည်း​ဟူ​သော ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​ပါ၏။

ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ ရှိ​တော်​မူ၏။ ယာ​ကုပ်၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ၏။ ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင်​သည် ငါ​တို့ ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

အ​ကျွန်ုပ်​ကို စည်း​စိမ်​တိုး​ပွား​စေ၍၊ တစ်​ဖန် သက်​သာ​စေ​တော်​မူ​မည်။

ဘု​ရား​သ​ခင်​သည် စီ​ရင်​ပိုင်​တော်​မူ၏။ တစ်​ယောက်​ကို​နှိမ့်​ချ၍၊ တစ်​ယောက်​ကို ချီး​မြှောက်​တော်​မူ၏။

ဘု​ရင်​တို့​ကို ရာ​ဇ​ပ​လ္လင်​ပေါ်​မှ​ချ၍ နှိမ့်​ချ​သော​သူ​တို့​ကို ချီး​မြှောက်​တော်​မူ​ပြီ။-

ဒါ​ဝိဒ်​သည် အ​ရာ​ရာ၌ သ​တိ​ပ​ညာ​နှင့်​ပြု​မူ၍ သူ​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ၏၊

ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​နှင့်​အ​တူ ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​သ​မီး​သည် ချစ်​ကြောင်း​ကို​လည်း​ကောင်း၊ ရှော​လု​သည်​မြင်၍၊

တစ်​ဖန် ဒါ​ဝိဒ်​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ဒဏ်​ခတ်​တော်​မူ​မည်။ သို့​မ​ဟုတ် သူ​သေ​ချိန်​ရောက်​လိမ့်​မည်။ သို့​မ​ဟုတ် စစ်​တိုက်​ရာ၌ အ​သက်​ဆုံး​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ