Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 17:6

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​နှင့် ငါ​လှည့်​လည်​ရာ​အ​ရပ်​တို့၌ ငါ၏​လူ​မျိုး​ကို ကျွေး​မွေး​စေ​ခြင်း​ငှာ၊ ငါ​စေ​ခိုင်း​သော ဣ​သ​ရေ​လ​တ​ရား​သူ​ကြီး တစ်​စုံ​တစ်​ယောက်​အား၊ သင်​သည် ငါ့​အ​ဖို့ အာ​ရဇ်​သစ်​သား​အိမ်​ကို အ​ဘယ်​ကြောင့် မ​ဆောက်​သ​နည်း​ဟု ငါ​ဆို​ဖူး​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ငါ​လှည့်​လည်​ရာ အ​ရပ်​ရပ်​တို့၌၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို ကျွေး​မွေး​စေ​ခြင်း​ငှာ၊ ငါ​စေ​ခိုင်း​သော ဣ​သ​ရေ​လ​တ​ရား​သူ​ကြီး တစ်​စုံ​တစ်​ယောက်​အား၊ သင်​သည်​ငါ့​အ​ဖို့ အာ​ရဇ်​သစ်​သား​အိမ်​ကို အ​ဘယ်​ကြောင့် မ​ဆောက်​သ​နည်း​ဟု ငါ​ဆို​ဖူး​သ​လော။

ငါ၏​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော​နေ့​က​စ၍ ငါ့​နာ​မ​တည်​ရာ​အိမ်​ကို ဆောက်​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​ခ​ရိုင်​များ​တို့​တွင် မြို့​တစ်​စုံ​တစ်​မြို့​ကို ငါ​မ​ရွေး​သေး​သော်​လည်း၊ ငါ၏​လူ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို အုပ်​စိုး​စေ​ခြင်း​ငှာ၊ ဒါ​ဝိဒ်​ကို​ငါ​ရွေး​ပြီ​ဟု ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​အား ဗျာ​ဒိတ်​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။

အ​ထက်​က ရှော​လု​သည် ရှင်​ဘု​ရင်​ဖြစ်​သော​အ​ခါ၊ ကိုယ်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ဆောင်​သွား​လျက်၊ သွင်း​ပြန်​လျက် နေ​တော်​မူ​ပြီ။ ကိုယ်​တော်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​ကို လုပ်​ကျွေး​အုပ်​စိုး​ရ​မည်​ဟု ကိုယ်​တော်​အား မိန့်​တော်​မူ​ပြီ​ဟု လျှောက်​ဆို​ကြ၏။

ယ​ခု​မှာ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သိုး​ထိန်း​ရာ​သိုး​ခြံ​ထဲ​က သင့်​ကို ငါ​နုတ်​ယူ၍၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အုပ်​စိုး​သော​မင်း​အ​ရာ၌ ငါ​ခန့်​ထား​ပြီ။

သူ​တို့​ကို ကျွေး​မွေး​သော​သိုး​ထိန်း​တို့​ကို သူ​တို့​အ​ပေါ်​မှာ ငါ​ခန့်​ထား​သ​ဖြင့်၊ သူ​တို့​သည် နောက်​တစ်​ဖန် ကြောက်​ခြင်း၊ ထိတ်​လန့်​ခြင်း မ​ရှိ​ရ​ကြ။ ဆုံး​မ​ခြင်း​ကို​လည်း​မ​ခံ​ရ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အ​ချင်း​လူ​သား၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး သိုး​ထိန်း​တို့​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု၍ ဟော​ပြော​လျက်၊ သိုး​ထိန်း​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို​ဆင့်​ဆို​ရ​မည်​မှာ၊ ကိုယ်​ကို​သာ ကျွေး​မွေး​သော ဣ​သ​ရေ​လ​အ​မျိုး သိုး​ထိန်း​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ သိုး​ထိန်း​သည် သိုး​တို့​ကို မ​ကျွေး​မွေး​ရ​သ​လော။

ထို​သ​ခင်​သည် ရပ်၍ ထာ​ဝ​ရ​ဘု​ရား၏ အ​စွမ်း​သ​တ္တိ​နှင့်​လည်း​ကောင်း၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော် တန်​ခိုး​အာ​နု​ဘော်​နှင့်​လည်း​ကောင်း၊ မိ​မိ​သိုး​စု​ကို ကျွေး​မွေး​လိမ့်​မည်။ သူ​တို့​သည်​လည်း တည်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​သ​ခင်​သည် မြေ​ကြီး​စွန်း​တိုင်​အောင် အ​စိုး​ရ၍၊ ရန်​ငြိမ်း​ခြင်း​အ​ကြောင်း ဖြစ်​တော်​မူ​လိမ့်​မည်။

အို ယု​ဒ​ပြည်​ဗက်​လင်​မြို့၊ အ​စိုး​ရ​သော​ယု​ဒ​မြို့​တို့​တွင် သင်​သည် မြို့​ငယ်​မြို့​ယုတ်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ငါ၏​လူ​စု ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​ရ​သော​သ​ခင်​သည် သင်၏​အ​ထဲ​မှာ ပေါ်​ထွန်း​လ​တ္တံ့​ဟု ကျမ်း​လာ​ရှိ​ပါ၏။ ထို​ကြောင့် ယု​ဒ​ပြည်​ဗက်​လင်​မြို့၌ ခ​ရစ်​တော်​ကို ဖွား​မြင်​ရ​ပါ​မည်​ဟု မင်း​ကြီး​အား ပြန်​ကြား​လျှောက်​ထား​ကြ၏။-

ထို​နောက်​မှ ပ​ရော​ဖက်​ရှ​မွေ​လ​မ​ပေါ်​မ​ရှိ​မီ အ​နှစ်​လေး​ရာ​ငါး​ဆယ်​မျှ​လောက်​သော ကာ​လ​ပတ်​လုံး၊ တ​ရား​သူ​ကြီး​တို့​ကို ပေး​တော်​မူ၏။-

ဘု​ရား​သ​ခင်၏​ဗိ​မာန်​တော်​သည် ရုပ်​တု​တို့​နှင့် အ​ဘယ်​သို့ စပ်​ဆိုင်​ရ​မည်​နည်း။ ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​တွင် ငါ​ကျိန်း​ဝပ်​မည်။ သူ​တို့​တွင်​လှည့်​လည်၍ သူ​တို့၏​ဘု​ရား​သ​ခင် ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​ဖြစ်​ကြ၏။-

အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ကယ်​တင်၍ ရန်​သူ​တို့​ကို သင့်​လက်၌​အပ်​ခြင်း​ငှာ၊ သင်၏​တပ်​ထဲ​မှာ သွား​လာ​တော်​မူ၏။ ထို​ကြောင့်၊ သင့်​အ​ထဲ၌ မ​စင်​ကြယ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မြင်၍ သင်​မှ ရှောင်​သွား​တော်​မ​မူ​မည်​အ​ကြောင်း၊ သင်၏​တပ်​သည် သန့်​ရှင်း​ရ​မည်။

ဧ​ဖက်​မြို့၌​ရှိ​သော အ​သင်း​တော်၏​တ​မန်​ကို ဤ​သို့ ရေး၍​မှာ လိုက်​လော့။ လက်​ယာ​လက်၌ ကြယ်​ခု​နစ်​လုံး​ကို​ကိုင်၍၊ ရွှေ​မီး​ခွက်​ခု​နစ်​လုံး​အ​လယ်၌ သွား​လာ​သော​သူ၏ အ​မိန့်​တော်​ကား၊ သင်​အ​ကျင့်​ကျင့်​ခြင်း၊ ပင်​ပန်း​စွာ လုပ်​ဆောင်​ခြင်း၊ သည်း​ခံ​ခြင်း​ကို ငါ​သိ၏။-

ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ဗ္ဗာ​လ၊ ဗာ​ရက်၊ ယေ​ဖ​သ၊ ရှ​မွေ​လ​တို့​ကို စေ​လွှတ်၍၊ ပတ်​ဝန်း​ကျင် ရန်​သူ​တို့​လက်​မှ ကယ်​နုတ်​တော်​မူ​သ​ဖြင့် သင်​တို့​သည် ဘေး​လွတ်​ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ