Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



၁ ရာ​ချုပ် 17:27

Judson Bible

သို့​ဖြစ်၍ ကိုယ်​တော်​ကျွန်၏​အ​မျိုး​အ​နွယ်​သည် ရှေ့​တော်၌ အ​စဉ်​အ​မြဲ​တည်​ပါ​မည်​အ​ကြောင်း ကောင်း​ချီး​ပေး​ခြင်း​ငှာ နူး​ညွတ်​သော​စိတ် ရှိ​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​သည် ကောင်း​ချီး​ပေး​တော်​မူ​လျှင်၊ ကောင်း​ချီး​မင်္ဂ​လာ​ကို အ​စဉ်​အ​မြဲ ခံ​ရ​ပါ​လိမ့်​မည်​ဟု ဆု​တောင်း​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အ​မဲ​သား​ကို​ရ၍၊ ငါ့​ထံ​သို့​ဆောင်​ခဲ့​ပြီး​သော​သူ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ သင်​မ​ရောက်​မီ ငါ​သည်​အ​ကုန်​အ​စင်​စား​ပြီး၍၊ သူ့​ကို​ကောင်း​ချီး​ပေး​မိ​ပြီ။ သူ​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ဧ​ကန်​အ​မှန်​ခံ​ရ​လိမ့်​မည်​ဟု ဆို​လေ၏။

ထို​သူ​တို့၏ အ​သွေး​သည် ယွာ​ဘ​ခေါင်း၊ သား​မြေး​တို့၏ ခေါင်း​ပေါ်​မှာ အ​စဉ်​သက်​ရောက်​ပါ​စေ။ ဒါ​ဝိဒ်​နှင့် သူ၏​ဆွေ​တော်​မျိုး​တော်၊ နန်း​တော်၊ ရာ​ဇ​ပ​လ္လင်​တော်၌ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ငြိမ်​ဝပ်​ခြင်း​အ​မြဲ​သက်​ရောက်​ပါ​စေ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

ရှော​လ​မုန်​မင်း​ကြီး​သည် မင်္ဂ​လာ​ရှိ၍ ဒါ​ဝိဒ်၏​ရာ​ဇ​ပ​လ္လင်​တော်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​စဉ်​အ​မြဲ တည်​ပါ​စေ​သ​တည်း​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊

ယ​ခု​လည်း အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင် မှန်​တော်​မူ၏။ ဤ​ကျေး​ဇူး​ကို ကိုယ်​တော်​ကျွန်၌ က​တိ​ထား​တော်​မူ​ပြီ။

ထို​နောက် ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​လူ​တို့​ကို လုပ်​ကြံ၍ အောင်​မြင်​သ​ဖြင့်၊ ဂါ​သ​မြို့​နှင့် ကျေး​လက်​များ​ကို သိမ်း​ယူ​လေ၏။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အ​ဆွေ​အ​မျိုး​များ​ထဲ​က ငါ့​ကို​ရွေး​ကောက်၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ အ​မြဲ​ချီး​မြှောက်​တော်​မူ၏။ ယု​ဒ​အ​မျိုး​ကို​ရွေး​ကောက်၍ အ​ခြား​သော အ​မျိုး​တို့​ကို အုပ်​စိုး​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ယု​ဒ​အ​မျိုး​တွင် ငါ့​အ​ဘ၏​အိမ်​ထောင်​ကို​လည်း​ကောင်း၊ ငါ့​အ​ဘ၏​သား​တို့​တွင် ငါ့​ကို​လည်း​ကောင်း​နှစ်​သက်၍ ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို စိုး​စံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။

ကိုယ်​တော်​သည် သူ့​ကို ထာ​ဝ​ရ​မင်္ဂ​လာ​အ​ရာ၌​ခန့်​ထား၍၊ မျက်​နှာ​တော်​အား​ဖြင့် အ​လွန်​ဝမ်း​မြောက်​စေ​တော်​မူ၏။

နာ​မ​တော်​သည် အ​စဉ်​အ​မြဲ တည်​လိမ့်​မည်။ နေ​သည် တည်​သ​မျှ​သော​ကာ​လ​ပတ်​လုံး နာ​မ​တော် တိုး​ပွား​လိမ့်​မည်။ ကျေး​ဇူး​တော်​အား​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ၏၊ မင်္ဂ​လာ​ရှိ​တော်​မူ​သည်​ဟု ချီး​မွမ်း​ကြ​လိမ့်​မည်။

ကောင်း​ချီး​ပေး​ရ​မည်​အ​ကြောင်း၊ အ​မိန့်​တော်​ကို​ငါ​ခံ​ရ​ပြီ။ ဘု​ရား​သ​ခင် ကောင်း​ချီး​ပေး​တော်​မူ​ပြီ။ ထို​ကောင်း​ချီး​ကို ငါ​မ​ဖျက်​နိုင်။

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​ခြင်း၊ ခေါ်​ထား​တော်​မူ​ခြင်း ကျေး​ဇူး​သည် ဖောက်​ပြန်​ခြင်း​သ​ဘော​မ​ရှိ၊-

ငါ​တို့​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မေ​တ္တာ​အား​ဖြင့် သန့်​ရှင်း​လျက်၊ အ​ပြစ်​ကင်း​လွတ်​လျက် ဖြစ်​မည်​အ​ကြောင်း၊-

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ က​တိ​တော်​ရှိ​သည်​အ​တိုင်း ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ သင်​သည် လူ​မျိုး​များ​တို့​အား ချေး​ငှား​ရ​သော အ​ခွင့်​ရှိ​လိမ့်​မည်။ သူ​တို့​သည် သင့်​အား ချေး​ငှား​သော​အ​ခွင့်​မ​ရှိ​ရ။ သင်​သည် လူ​မျိုး​များ​တို့​ကို အ​စိုး​ပိုင်​ရ​လိမ့်​မည်။ သူ​တို့​သည် သင့်​ကို အ​စိုး​မ​ပိုင်​ရ​ကြ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ